တကယ့် Pro တစ်ယောက်လို မိတ်ကပ်မလိမ်းတတ်ရင်တောင် ထသွားထလာလောက် မိမိကိုယ်ကိုယ် ကြည့်ကောင်းအောင်လောက်တော့ မိတ်ကပ်ကို ပြင်ဆင်လိမ်းချယ်တတ်ဖို့ လိုအပ်ပါတယ်။
၁။ မိတ်ကပ်မလိမ်းခင်
မိတ်ကပ်မလိမ်းခင်မှာ အရင်ဆုံး မျက်နှာသစ်ပါ။
ပြီးရင် Moisturizer ကို သင့်မျက်နှာ လည်ပင်းမှာလိမ်းလိုက်ပါ။
ပြီးရင် Sunscreen နည်းနည်းလိမ်းပါ။
ပြီးရင် Primer ဖောင်ဒေးရှင်းကို လိမ်းလိုက်ပါ။
၂။ Base
သင့်အသားအရေနဲ့ ကိုက်ညီတဲ့ Base ကို ရွေးချယ်သုံးသင့်ပါတယ်။ ဖောင်ဒေးရှင်းခရင်မ်ကို မျက်နှာနဲ့ လည်ပင်းမှာလိမ်းလိုက်ပါ။
အဲဒီနောက် အမည်းစက်တွေရှိတဲ့နေရာ၊ မျက်ကွင်းညိုတဲ့နေရာတွေမှာ Concealer လိမ်းလိုက်ပြီး မျက်နှာကို Brush နဲ့ ပြန်ဖြည်လိုက်ပါ။
ပြီးရင်တော့ မျက်နှာမှာ Powder လိမ်းလိုက်ပါ။
၃။ Eye Makeup
သင့်မျက်လုံးလေးတွေကို အထူးချယ်သဖို့လိုပါတယ်။ မိတ်ကပ်အနုပညာမှာ မျက်လုံးချယ်သမှုက အရေးပါပါတယ်။
အရင်ဆုံး အောက်ခံ Eyeshadow ကို အရောင်နုနု ပဲဖြစ်ဖြစ် ရင့်ရင့်ပဲဖြြစ်ဖစ် မျက်ခွံအပြည့် အရင်ချယ်လိုက်ပါ။
ပြီးရင်တော့ အဲဒီအပေါ်ကနေ မျက်ခွံတစ်ဝက်လောက်ကို နောက်ထပ် Eyeshadow တစ်ရောင်ထပ်ချယ်ပါ။
Eyeshadow ချယ်တဲ့အခါမှာ အရောင်အနု အရင့် ရောပြီး ချယ်ပေးသင့်ပါတယ်။ မျက်ခွံနဲ့ ထောင့်နားမှာ အရောင်ရင့်ရင့်ထည့်လိုက်ပါ။
ပြီးရင်တော့ Eyeliner ဆိုးရမှာဖြစ်ပါတယ်။
ပြီးသွားရင်တော့ Mascara ကို မျက်တောင်မွှေးမှာ အရင်လိမ်းပေးလိုက်ပါ။
မျက်တောင်အတုတပ်မယ်ဆိုရင်တော့ မျက်တောင်တုကို မတပ်ခင် ကော့တံနဲ့ အရင်ကော့ပေးပြီး တပ်လို့ရပါတယ်။ ပြီးရင် Mascara လိမ်းလိုက်ပါ။
၄။ နှုတ်ခမ်း
နှုတ်ခမ်းကို အရင်ဆုံး အဆီလေးဆိုးလိုက်ပါ။ ပြီးရင်တော့ နှုတ်ခမ်းအပြင်ဖက်ကို အရင်ဆုံး နှာတံဖော်ပြီးဆိုးပေးပါ။ ပြီးရင် နှုတ်ခမ်းအတွင်းပိုင်းကို ဆိုးပေးရမှာဖြစ်ပါတယ်။
နှုတ်ခမ်းကို နည်းနည်းအရောင်တောက်ချင်ရင်တော့ Lip Gloss လေးထည့်ပေးလိုက်ပါ။
၅။ ပါးပြင်
ပါးပြင်မှာ ပါးရိုးချချင်ရင် Bronzer အညိုကို နှုတ်ခမ်းကို အရှေ့စုပြီး ချိုင့်သွားတဲ့နေရာမှာ အရင်ထည့်လိုက်ပါ။ နဖူး၊ မေးစေ့ နဲ့ ပါးပြင်ထောင့်နားကိုပါ လိမ်းပေးလိုက်ပါ။ ပြီးရင် Highlighter အဖြူကို ပါးရိုးမှာ ထည့်ပေးပါ။ ဒါ့အပြင် မျက်ခုံးမွှေးထောင့်နားမှာလည်း ထည့်ပေးလိုက်ပါ။ ပြီးရင် ပါးနီကို ခပ်ပါးပါးလေး ထည့်ပေးလိုက်ပါ။
ဒါဆိုရင် ရပါပြီ။
၆။ မျက်ခုံးမွှေး
မျက်ခုံးမွှေးမဆွဲခင်မှာ အရင်ဆုံး မျက်ခုံးမွှေးကို ပုံဖော်ပြီး ရိတ်ထားတာ (သို့) Waxing လုပ်ထားတာမျိုး အရင်လုပ်ထားပါ။
ပြီးရင် မျက်ခုံးဆွဲတံကို မျက်ခုံးအစွန် ထောင့်နားကနေ အရင် ချယ်ပေးလိုက်ပါ။ မျက်ခုံးအစ ပိုင်းနဲ့ အလည်နားကိုတော့ နောက်မှ ဖြည့်လိုက်လို့ရပါတယ်။
မျက်ခုံးမွှေးကို အရင်ဆွဲပေးပြီးမှ နံပါတ်စဉ် ၅ ကို လုပ်ပေးလို့လည်းရပါတယ်။ တချို့ကလည်း အားလုံးပြီးမှ နှုတ်ခမ်းနီကို နောက်မှ ဆိုးတတ်ကြပါတယ်။
မိမိအဆင်ပြေသလို လိမ်းချယ်နိုင်ပါတယ်။
၇။ Setting Spray
မိတ်ကပ်တွေအားလုံး လိမ်းပြီးသွားရင် မိတ်ကပ်ကြာရှည်ခံအောင်ရယ် Setting Spray လေး ဖြန်းပေးလိုက်ပါ။