မင်္ဂလာပါနော်။ ကျွန်မတို့တွေအများအားဖြင့် မျက်နှာအသားအရေကိုတော့ ဂရုစိုက်ကြပေမယ့် ခြေထောက်အသားအရေကိုတော့ ဂရုစိုက်ဖို့မေ့နေတတ်ကြပါတယ်။ သင့်ခြေထောက်ကို နေ့စဉ်သွားလာရာမှာအသုံးပြုတာ၊ ဖုန်နဲ့ အညစ်အကြေးတွေ ထိတွေ့တာနဲ့ ဖိနပ်ကြပ်ကြပ်တွေ စီးတာကြောင့် ပိုပြီး ပျက်စီးစေပါတယ်။ ဒါ့ကြောင့် သင့်ခြေထောက်အသားအရေကိုဂရုစိုက်ဖို့လိုပါတယ်။

ခြေထောက်အသားအရေလေးစိုပြေပြီး ခြေသည်းလေးတွေ သန့်ရှင်းခိုင်မာစေဖို့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။

၁။ ခြေထောက်ရေစိုစိုနဲ့ မနေဘဲ ခြောက်အောင်သုတ်ပေးလိုက်ပါ။

ခြေထောက်အသားအရေလေးလှပဖို့နဲ့ ခြေသည်းလေးတွေ သန့်ရှင်းသန်မာစေဖို့ နည်းလမ်းကောင်းများ

၂။ ခြေသည်းကို ပုံမှန်ညှပ်ပေးမယ်။

၃။ သင့်ခြေထောက်အသားအရေလေးစိုပြေဖို့အတွက် မုန့်ဖုတ်ဆိုဒါ၊ ရေချိုးဆပ်ပြာနဲ့ အဆီတမျိုးမျိုးကိုထည့်လိုက်လိုက်ပါ။ ပြီးရင် ဇလုံထဲကို ရေနွေးပူပူနဲ့ ရေအေးရောပြီးခြေထောက်ကို ၁၀ မိနစ်လောက် ခဏစိမ်ထားပါ။ စောစောက ရောထားတာနဲ့ ခြေထောက်ကို ပွတ်လိမ်းပေးလိုက်ပါ။ ၅ မိနစ်လောက် သေချာလေးပွတ်ပေးပါ။ ပြီးရင် ရေဆေးချလိုက်ပြီး ခြောက်အောင်သုတ်လိုက်ပါ။

၄။ ခြေထောက်ကိုလည်း Moisturizer လိမ်းပေးသင့်ပါတယ်။

၅။ ခြေဖဝါးကို ပုံမှန်လေးနှိပ်နယ်ပေးမယ်ဆိုရင် ခြေထောက်သွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်။ ဒါ့ကြောင့် ဖြည်းဖြည်းလေး နှိပ်ပေးလိုက်ပါ။

၆။ ခြေထောက်ကို အဆီတမျိုးမျိုးနဲ့လိမ်းပေးပြီး (ဥပမာ- အုန်းဆီ(သို့) သံလွင်ဆီ) သေချာလေးနှိပ်နယ်ပေးပါ။ ပြီးရင် ညအိပ်ယာဝင်ပါ။ တစ်ပတ် ၁ ကြိမ်လောက်လုပ်ပေးပါ။