ပွဲတက်ပွဲ၊ ပါတီပွဲတွေမှာ ဝတ်တဲ့အခါ ရွှေရောင်ဝတ်စုံတွေက ကြည့်ကောင်းပြီး အသားအရောင်အားလုံးနဲ့ လိုက်ဖက်တဲ့အရောင်လေးပါ။ ဒီလို ရွှေရောင်ဝတ်စုံဝတ်တဲ့အခါ အလှဆုံးဖြစ်နေအောင် ဘယ်လိုမိတ်ကပ်မျိုးပြင်ဆင်မလဲ ?
ဒါဆို ရွှေရောင်ဝတ်စုံနဲ့ လိုက်ဖက်တဲ့မိတ်ကပ်ကို ဘယ်လိုလိမ်းရမလဲဆိုတာ ကြည့်လိုက်ရအောင်။
ရွှေက အသားအရေအရောင်ကို ဖြည့်ပေးတဲ့အရောင်မျိုးမလို့ ဘယ်လိုပဲဝတ်ဝတ် ချောမွေ့ပြီး ညီညာတဲ့ အသားအရေကို ပိုင်ဆိုင်ရမှာပါ။ အောက်ခံမိတ်ကပ်ကို စနစ်တကျ လိမ်းပြီးတာနဲ့ တစ်ဝက်လောက် ပြီးသွားပါပြီ။ အသားအရေအမျိုးအစားအလိုက် Concealer ကောင်းကောင်းသုံးပါ။
2. Blusher မဖြစ်မနေသုံးပါ
မျက်နှာကို တောက်ပြောင်စေဖို့ Blusher လိမ်းတဲ့အခါ အရောင် အလွန်အကျွံသုံးတာက သင့်အသွင်အပြင်ကို ထိခိုက်စေနိုင်တာမလို့ ပေါ့ပေါ့ပါးပါးဖြစ်တာလေးက ပိုကောင်းပါတယ်။ ဒါကြောင့် အသားအရေက ဖြူတယ်ဆိုရင် Apricot နဲ့ Peachy Blush လေး လိမ်းပေးသင့်ပြီး အသားညိုတဲ့သူဆိုရင်တော့ Wine Blush လေးက ပိုကောင်းပါတယ်။ ပါးရိုးလေးတွေပေါ်ဖို့အတွက်တော့ Highlighter လေး သုံးပေးဖို့ မမေ့ပါနဲ့။
3. Eyeshadow
ရွှေရောင် ဂါဝန်နဲ့ လိုက်မယ့် Eyeshadow ရွေးတဲ့အခါ အသားဖြူတဲ့သူ အလယ်အလတ်ရှိတဲ့သူက ရွှေရောင်ဖျော့ဖျော့ ၊ ရှန်ပိန်ရောင်တို့ကိုရွေးပါ။ Eyeliner ဆွဲတဲ့အခါ Wing လေးထည့်ဆွဲပြီး နောက်ဆုံးမှာ Mascara ထူထူလေးသုံးပေးလိုက်ပါ။ ညနေမင်္ဂလာပွဲ၊ ပါတီပွဲအတွက် မိတ်ကပ်လိမ်းရင်တော့ မျက်တောင်အတုတပ်ပါ။ ဒါဆိုရင်တော့ ရွှေရောင်ဝတ်စုံအတွက် ပြီးပြည့်စုံတဲ့ Eye Makeup လေးရပါပြီ။
4. Lips
မျက်လုံးကို အများကြီးမလိမ်းထားရင် နှုတ်ခမ်းနီကို Marsala, Deep Wine, အနီရင့်ရင် စသဖြင့် စိတ်ကြိုက်ရွေးချယ်လိုက်ပါ။ ဒါမှမဟုတ် မျက်လုံးကိုအသားပေးလိမ်းခြယ်ထားရင်တော့ မက်မွန်ရောင်၊ ပန်းရောင်၊ လိမ္မော်ဖျော့၊ ပန်းရောင်ဖျော့ဖျော့၊ အသားအရောင် တို့ကိုရွေးချယ်သင့်ပါတယ်။