ဓာတ်ပုံရိုက်ပြီဆိုရင် Instagram ပို့စ်တွေက အရမ်းမိုက်ပြီး ဆွဲဆောင်မှုရှိပါတယ်။ ကြည့်ရတာလည်း သူများထက်ပိုပြီး ဖက်ရှင်ကျနေသလိုမျိုး ဖြစ်စေပါတယ်။ ဒါကြောင့် ဓာတ်ပုံရိုက်ရတာ ဝါသနာပါတဲ့သူတွေအတွက် အမိုက်စား Instagram ပို့စ်တွေကို မျှဝေပေးလိုက်ပါတယ်။

တိမ်တွေပါအောင် အောက်ကနေပင့်ရိုက်တာမျိုးက အရမ်းလှပြီး Instagram မှာ ခေတ်စားတဲ့ ပို့စ်မျိုးပါ။

စတိုင်လ်ကျကျလေးဝတ်ပြီး ဒီလိုလေးပို့စ်ပေးရိုက်ရင် အရမ်းမိုက်ပါတယ်။

ကော်ဖီဆိုင်တွေမှာ ဒီလိုလေးပို့စ်ပေးတာမျိုးက လှပါတယ်။ ဒါပေမယ့် ဒီလိုမျက်မှန်အမဲလေးတပ်လိုက်ရင်တော့ ပိုပြီးမိုက်သွားစေပါတယ်။ ဒါလည်း Instagram မှာ ခေတ်စားတဲ့ ပို့စ်မျိုးပါပဲ။

ကားပေါ်ဓာတ်ပုံရိုက်မယ်ဆိုရင် ဒီလိုလေးပို့စ်ပေးရိုက်ကြည့်ပါ။ အရမ်းမိုက်ပါတယ်။

Mirror Selfie ဆွဲတဲ့အခါမှာလည်း ပုံမှန်မတ်တပ်ရပ်ပြီးရိုက်တာထက် ဒီလိုထိုင်ရိုက်တာက တစ်မျိုးလေးဆန်းပြီး အထာကျစေပါတယ်။

ပီကေမှုတ်နေတဲ့ပုံလေးကို အထာကျကျပို့စ်ပေးပြီးရိုက်တာမျိုးကလည်း Instagram မှာ ခေတ်စားတဲ့ ပို့စ်တစ်မျိုးပါပဲ။

ပန်းလေးတွေနဲ့ရိုက်ရင် ရိုက်နေကျပို့စ်တွေနဲ့ကွဲထွက်သွားအောင် ဒီလိုလေးပို့စ်ပေးရိုက်ကြည့်ပါ။

Photo Source: www.pinterest.com