ရေကူးပေးခြင်းကြောင့်ရရှိလာမယ့် ကျန်းမာရေးဆိုင်ရာကောင်းကျိုးတွေကို မျှဝေပေးလိုက်ပါတယ်။ ဒီကောင်းကျိုးတွေကိုသိပြီးရင်တော့ ရေကူးချင်စိတ်တွေတောင် ပေါ်လာမယ်လို့ထင်ပါတယ်။

ကယ်လိုရီလောင်ကျွမ်းပြီးကိုယ်ရေစစ်စေတယ်

ရေကူးပေးခြင်းက ကယ်လိုရီတွေ လောင်ကျွမ်းစေပါတယ်။ ဒါကြောင့် တစ်ပတ်ကို အနည်းဆုံး ၃ ရက် ပုံမှန်ရေကူးပေးမယ်ဆိုရင်တော့ ၂ လလောက်ကြာတဲ့အခါမှာ သိသိသာသာကို ကိုယ်ရေစစ်ပြီး ဝိတ်ကျသွားပါလိမ့်မယ်။

စိတ်ဖိစီးမှုနဲ့ Stress တွေ လျော့ကျစေတယ်

ရေကူးလိုက်တာနဲ့ စိတ်ဖိစီးမှုတွေ၊ Stress တွေက ချက်ချင်းကိုလျော့ကျသွားပါတယ်။ တချို့တွေဆို စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာတွေရှိရင် ရေကူးတာမျိုးလုပ်လေ့ရှိပါတယ်။

ခန္ဓာကိုယ်ပေါ့ပါးလန်းဆန်းစေတယ်

ရေကူးပြီးသွားရင် ခန္ဓာကိုယ်က သိသိသာသာကို ပေါ့ပါးလန်းဆန်းပြီး နေလို့ကောင်းသွားစေပါတယ်။ စိတ်ရောကိုယ်ပါ လန်းဆန်းသွားစေတာပါ။ ဒါကြောင့် ကိုယ်လက်ထိုင်းမှိုင်းနေရင် ရေကူးလိုက်ပါ။

ကြွက်သားတွေသန်မာစေတယ်

ရေကူးတာဟာ ကြွက်သားနဲ့ အရိုးအဆစ်တွေ သန်မာစေပါတယ်။ Gym ဆော့နေတဲ့သူတွေဆိုရင် ရေလည်းကူးပေးပါ။ ဒါဆိုရင် ပိုပြီးအကျိုးရှိစေပါတယ်။

အမောဒဏ်ခံနိုင်တယ်

ရေကူးနေကျသူက ရေမကူးတဲ့သူတွေထက် ပိုပြီးတော့အမောခံနိုင်ပါတယ်။ သက်လုံကောင်းစေပါတယ်။ ဒါကြောင့်လည်း ရေကူးပေးခြင်းက ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတာပါ။

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေတယ်

ညနေပိုင်းရေကူးပြီး ရေချိုး၊ စားသောက်ပြီး ခဏနားပြီး အိပ်ကြည့်လိုက်ပါ။ ပုံမှန်နေ့တွေထက် ပိုပြီးအိပ်လို့ကောင်းနေပါလိမ့်မယ်။ ရေကူးပေးခြင်းက ညဘက်တွေမှာ နှစ်နှစ်ခြိုက်ခြိုက်နဲ့ အိပ်ပျော်စေဖို့လည်း အထောက်အကူဖြစ်ပါတယ်။

အရပ်ရှည်စေတယ်

ရေကူးရင်အရပ်ရှည်တယ်ဆိုတာတော့ လူတိုင်းသိပါတယ်။ အရပ်ရှည်ချင်ရင် ဆေးတွေသောက်၊ အားကစားတွေလုပ်မယ့်အစား ရေသာကူးပေးပါ။

Photo source: www.freepik.com