ရေနွေးသောက်တဲ့သူတွေလည်းရှိပေမယ့် ရေနွေးလုံးဝမသောက်ပဲ ရေအေးနဲ့ ရေခဲရေကိုပဲ သောက်နေတဲ့သူတွေလည်း ရှိပါတယ်။ တကယ်တော့ ကျန်းမာရေးအတွက် ရေနွေးကိုလည်း သောက်ပေးသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ ရေနွေးကို နေ့တိုင်းသောက်ပေးခြင်းကြောင့် ဒီလိုကျန်းမာရေးဆိုင်ရာကောင်းကျိုးတွေ အများကြီး ရရှိစေပါတယ်။

အစာကြေဖို့ကူညီပေးခြင်း

အစာမကြေဖြစ်လေ့ရှိတဲ့သူတွေဆိုရင် ရေနွေးကို ပုံမှန်သောက်ပေးပါ။ ရေနွေးကို နေ့တိုင်း ပုံမှန်သောက်ပေးခြင်းက အစာကြေစနစ်ကို ကောင်းမွန်စေပြီး အစာမကြေဖြစ်တာတွေကိုလည်း သက်သာစေပါတယ်။

သွေးလည်ပတ်မှုကောင်းမွန်စေခြင်း

ရေနွေးသောက်ပေးတာ၊ ရေနွေးနဲ့ရေချိုးပေးတာက သွေးလည်ပတ်မှုကောင်းမွန်စေပြီး စိတ်ပေါ့ပါးလန်းဆန်းစေပါတယ်။ နှလုံးသွေးကြောနဲ့ပတ်သက်တဲ့ ရောဂါတွေ ဖြစ်ပွားမှုနှုန်းကိုလည်း လျှော့ချပေးနိုင်ပါတယ်။

ခန္ဓာကိုယ်ရေဓာတ်ဖြည့်ပေးခြင်း

ရေနွေးသောက်ပေးခြင်းက တစ်နေ့တာလုံးအတွက် ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးပါတယ်။ ခန္ဓာကိုယ်က ရေဓာတ်လုံလောက်မှုမရှိတဲ့အခါမှာတော့ နှလုံးခုန်နှုန်းတွေမြင့်တက်လာပြီး ခေါင်းကိုက်တယ်၊ မအီမသာဖြစ်ပြီး ပျို့အန်ချင်တာမျိုးတွေ ဖြစ်လာတတ်ပါတယ်။

ဝမ်းချုပ်တာသက်သာစေခြင်း

ရေနွေးကို နေ့တိုင်းသောက်ပေးခြင်းက ဝမ်းချုပ်တာကိုသက်သာစေပါတယ်။ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးလို့ ဝမ်းမှန်စေပါတယ်။

ဝိတ်ကျဖို့ကူညီပေးခြင်း

ဝိတ်ချဖို့အတွက် try နေတဲ့သူတွေဆိုရင် မနက်တိုင်းမှာ ရေနွေးသောက်ပေးပါ။ ရေနွေးသောက်ပေးခြင်းက ခန္ဓာကိုယ်ထဲကအဆီတွေကို ဖယ်ရှားပေးလို့ ဝိတ်ကျစေပါတယ်။

Stress တွေလျော့ကျစေခြင်း

ရေနွေးပူပူတစ်ခွက်ကို မှုတ်ပြီးသောက်ပေးခြင်းက stress တွေ လျော့ကျစေပါတယ်။ စိတ်တွေအရမ်းဖိစီးလာရင် ရေနွေးပူပူတစ်ခွက်ကိုသာ ဖြေးဖြေးချင်းစီ မှုတ်သောက်ကြည့်ပါ။

နာကျင်မှုတွေသက်သာစေခြင်း

ရေနွေးသောက်ပေးခြင်းက နာကျင်မှုတွေကို သက်သာစေပါတယ်။ ကြွက်သားနာကျင်တာတွေလည်း သက်သာစေပါတယ်။ ညအိပ်ယာဝင်ခါနီးမှာ ရေနွေးပူပူတစ်ခွက် သောက်ပေးမယ်ဆိုရင်တော့ ကောင်းမွန်စွာ အိပ်ပျော်စေပါတယ်။

ကိုယ်တွင်းအဆိပ်အတောက်တွေကိုဖယ်ရှားပေးခြင်း

ရေနွေးသောက်ပေးတာ၊ ရေနွေးနဲ့ရေချိုးပေးတာက ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးလို့ ကျန်းမာပြီး fit ဖြစ်စေပါတယ်။