သင်က Social Media ပေါ်က Follower အများကြီး ပိုင်ဆိုင်ထားတဲ့ မိန်းကလေးတွေရဲ့ စတိုင်တွေကို ကြည့်ပြီး ဒီဘဝတော့ သူတို့လို မဖြစ်နိုင်တော့ဘူးလို့ တွေးဖူးလား။

သူတို့လို ပိုက်ဆံရှိခဲ့ရင်၊ အချိန်ရှိခဲ့ရင် ငါလည်း သူတို့လို လှနိုင်တယ်ဆိုတဲ့ အတွေးမျိုးကိုလည်း သင်တွေးဖူးမှာပါ။ သင့်ဆီမှာ ပိုက်ဆံ အများကြီး မရှိရင်တောင် ခပ်လန်းလန်း စတိုင်ကို ပိုင်ဆိုင်နိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ သင့်စတိုင်ကို လုံးဝ ပြောင်းလဲစေဖို့ ဖက်ရှင်အကြံပေးချက်တွေကို ဖော်ပြလိုက်ပါတယ်။

၁။ စက်ချုပ်ဆိုင်မှာ Size ကွက်တိကျအောင် ပြင်ဆင်ပါ

နာမည်ကြီး မင်းသမီးတွေကို ကြည့်ရင် သူတို့ ခန္ဓာကိုယ်နဲ့ အင်္ကျီက Fitting ကျနေတတ်ပါတယ်။ ဒီလို Fitting ကျတာက သေချာ တိုင်းပြီး ပြင်ဆင်ထားလို့ပါ။ ဒီလို စက်ချုပ်လိုက်တာကို စတိုင်ကျတဲ့ အမျိုးသမီး အများစုတွေ လုပ်လေ့ရှိပါတယ်။ အင်္ကျီက ကွက်တိဖြစ်ရင် ဈေးသက်သာရင်တောင် ဈေးကြီးတဲ့ပုံစံ ပေါ်ပါတယ်။

၂။ Second Hand ဝယ်ပါ

သင်က ဈေးကြီးတဲ့ အင်္ကျီ Brand အဝတ်အစားတွေကို မဝယ်နိုင်ရင် Export ထည်တွေ၊ အထည်ကျတွေကို လိုက်ရှာပြီး ဝတ်သင့်ပါတယ်။ ဒီနည်းလမ်းက ဈေးကြီးတဲ့ အဝတ်အထည်ကို ဝတ်ရတဲ့အပြင် ငွေကုန်ကြေးကျလည်း သက်သာစေပါတယ်။

၃။ ကြယ်သီးတွေကို လဲပါ

ကြယ်သီးက အင်္ကျီတစ်ထည်ကို အရည်အသွေး ပြောင်းလဲစေနိုင်ပါတယ်။ ဈေးပေါတယ်ထင်ရတဲ့ ကြယ်သီးတွေက အင်္ကျီတစ်ခုလုံးစာကို တန်ဖိုးကျစေပါတယ်။ ဒါကြောင့် အရည်အသွေး ကောင်းပြီး ပုံကျတဲ့ ကြယ်သီးတွေကို ရှာဖွေလဲလှယ်သင့်ပါတယ်။

၄။ အမြဲ လှအောင်နေပါ

နာမည်ကြီးတွေလို လှနေဖို့က သင့်ကိုယ်သင် ပြင်ပြင်ဆင်ဆင်နေမှ ရမှာပါ။ ဖိနပ်ဖုန်တက်နေရင် ပြောင်စင်အောင် သန့်ရှင်းသင့်ပြီး လက်သည်း၊ ဆံပင် စတာတွေကိုပါ အမြဲ ဂရုစိုက်သင့်ပါတယ်။

၅။ ဆံပင်နဲ့ မိတ်ကပ်

အင်္ကျီလှနေပြီး ဆံပင်နဲ့ မိတ်ကပ်ကို ပြင်ဆင်မှု မရှိရင်လည်း သိပ်ထူးခြားမှာ မဟုတ်ပါဘူး။ သင့်ဆံပင်ကို ပုံသွင်းသင်ြ့ပီး မိတ်ကပ်ကိုလည်း အထိုက်အလျောက် လိမ်းတတ်အောင် လေ့ကျင့်ထားသင့်ပါတယ်။

၆။ Trend ကို မလိုက်ဘဲ ကြာရှည် ဝတ်နိုင်တဲ့ ဖက်ရှင်ကို ရှာဖွေပါ

သင်က နာမည်ကြီးတွေ ဝတ်လို့ လိုက်ဝတ်တာမျိုး မဟုတ်ဘဲ အမြဲ မရိုးသွားတဲ့ ဖက်ရှင် မျိုးကို ရှာဖွေ ဝတ်ဆင်သင့်ပါတယ်။ ဒီဖက်ရှင်ပုံစံကို သင်ကိုယ်တိုင်ကလည်း ကြိုက်နှစ်သက်ဖို့ လိုပါတယ်။

၇။ လျော့တီးလျော့ရဲ အဝတ်အစားတွေကို ရှောင်ပါ

သင်က သင့်စတိုင်ကို လုံးဝ ပြောင်းလဲချင်ရင် သက်တောင့်သက်သာ ဖြစ်တာကို ဦးစားမပေးလွန်းဘဲ သင့်ကို ပိုလှစေမယ့် ဖက်ရှင်ကို ဦိးစားပေးသင့်ပါတယ်။ ဒီလိုမှ သင်စတိုင်က ပြောင်းလဲလာမှာပါ။

Photo Source: Pinterest

by MyStyle Myanmar