ဒီနေ့မှာတော့ အသားအရေနဲ့ပတ်သက်လာရင် ခန္ဓာကိုယ်ထက် မျက်နှာကိုပဲ ပိုပြီးဂရုစိုက်ဖြစ်တာများပါတယ်။ တချို့ကျတော့ Bodyကို ဂရုစိုက်ဖို့ လုံးဝမေ့နေတတ်ကြတာကို တွေ့ရပါတယ်။ တကယ်တော့ လူတစ်ယောက်မှာ ခန္ဓာကိုယ်အသားအရေလှဖို့ကလည်း အရေးပါတဲ့အရာတစ်ခုပါ။ ဒီလိုအသားအရေလှဖို့နဲ့ နူးညံ့ချောမွတ်တဲ့အသားအရေလေးကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင် Body Scrub လုပ်ပေးဖို့ လိုအပ်ပါတယ်။

ကမ်းခြေသွားထားလို့ နေလောင်နေတဲ့သူတွေပဲဖြစ်ဖြစ်၊ အသားကနေလောင်ထားလို့ မဲသွားတဲ့သူတွေပဲဖြစ်ဖြစ် Scrub လုပ်ပေးမယ်ဆိုရင်တော့ အသားအရေက ပြန်ကြည်လင်လာပြီး ပြန်ဖြူလာမှာပါ။ နေမလောင်ထားတဲ့သူတွေအနေနဲ့ကတော့ Scrub ပုံမှန်လုပ်ပေးမယ်ဆိုရင် အသားအရေက အမြဲတမ်းသန့်စင်ပြီး ကြည်လင်နေမှာပါ။ ဒါ့အပြင် အသားအရေလည်း နူးညံ့လာပြီး အသားလည်း ပိုဖြူလာပါလိမ့်မယ်။

ကဲ..Body Scrub လုပ်ပေးခြင်းက အသားအရေအတွက် ဒီလိုမျိုးကောင်းကျိုးများစွာ ပေးစွမ်းနိုင်ပါတယ်နော်။

ဒါကြောင့် တစ်ပတ်မှာတစ်ရက်လောက်ပဲဖြစ်ဖြစ် အချိန်ပေးပြီး Body Scrub တိုက်ပေးခြင်းဖြင့် စိုပြေပြီး နူးညံ့တဲ့အသားအရေဝင်းဝင်းစိုစိုလေးကို ပိုင်ဆိုင်လိုက်ကြရအောင်…

Body Scrub လုပ်ပေးခြင်းကြောင့် ရရှိစေမယ့် အံ့ဖွယ်ရလဒ်များ

ဒီလို Body Scrub ကိုသုံးပေးခြင်းက အရေပြားပေါ်ကဆဲလ်အသေတွေကို ဖယ်ရှားပေးပါတယ်။ နေလောင်ထားတဲ့အချိန်မှာ Body Scrub လုပ်ပေးရင် အရမ်းကိုသိသာပါတယ်။ သူကနေလောင်ထားလို့ အသားအရောင်မညီတာတွေကို ပြန်လည်ပြုပြင်ပေးနိုင်ပြီး မဲညစ်နေတဲ့အသားအရေတွေကို ပြန်လည်ကြည်လင်လာစေပါတယ်။ အသားအရေကိုလည်း နူးညံ့ချောမွတ်စေတဲ့အပြင် သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေပါတယ်။ အရေပြားမှာကပ်နေတဲ့ အညစ်အကြေးတွေ၊ ချေးတွေကလည်း Scrub လုပ်လိုက်တာနဲ့ အားလုံးပါသွားမှာပါ။

နူးညံ့ချောမွတ်တဲ့အသားအရေလေး ပိုင်ဆိုင်နိုင်ဖို့ Scrub လုပ်ပြီး Lotion လိမ်းဖို့ မမေ့နဲ့နော်

Scrub လုပ်ပြီးလို့ ရေဆေးချ၊ ရေချိုးပြီးတာနဲ့ ရေဓာတ်ဖြည့်ပေးတဲ့ Body Lotion ကို လိမ်းပေးဖို့ မမေ့ပါနဲ့။ Scrub လုပ်ပြီး Lotion လိမ်းပေးမယ်ဆိုရင်တော့ အသားအရေက အစိုဓာတ်ကိုပြန်လည်ဖြည့်ပေးပြီး မလုပ်ခင်ကအသားအရေနဲ့ မတူတော့အောင်ကို နူးညံ့ချောမွတ်သွားတာ တွေ့ရပါလိမ့်မယ်။

နေပူထဲထွက်တာ အတတ်နိုင်ဆုံးဆင်ခြင်ပေးပါ

Scrub လုပ်ပြီးသွားရင် အသားက အရမ်းနုသွားတာဖြစ်တဲ့ နေပူထဲထွက်တာကိုလည်း အတတ်နိုင်ဆုံးရှောင်ရှားပေးဖို့ လိုအပ်ပါတယ်။  ဒါကြောင့် Scrub လုပ်မယ်ဆိုရင် ပိတ်ရက်မှာ အေးအေးဆေးဆေးလုပ်တာက အကောင်းဆုံးပါပဲ။