အမြဲတမ်း ဈေးကြီးပေးဝယ်ရတဲ့ အလှပြင်ပစ္စည်းတွေကို ဝယ်ဖို့ဆိုတာ လူတိုင်းအတွက်တော့ မဖြစ်နိုင်ပါဘူး။ သင့်ရဲ့ ငွေကြေးကို ချွေတာနိုင်မယ့်အပြင် အမြဲတမ်း အသုံးဝင်စေမယ့် အလှအပဆိုင်ရာ နည်းလမ်းကောင်းတွေကို မျှဝေပေးချင်ပါတယ်။

၁။ အာလူးကို သုံးမယ်

ချိုင်းကြား အသားအရေ ဖြူဝင်းစေဖို့ အာလူးကိုသုံးလို့ရပါတယ်။ အာလူးအစိမ်းကို ရေသေချာဆေးပြီး ပါးပါးခြစ်လိုက်ပါ။ ပြီးရင် ချိုင်းကြားမှာ လိမ်းပေးထားပြီး နာရီဝက်လောက်ထားပါ။ အဲဒီလောက် ရေဆေးချလိုက်ပါ။

၂။ အသားအရေကို ဒီလိုဂျီးချွတ်မယ်

ဆိုင်သွား Spa သွားပြီးတကူးတက ဂျီးချွတ်စရာမလိုတောပါဘူး။ သကြား၊ ကော်ဖီမှုန့်၊ အုန်းဆီကိုမျှပြီးရောလိုက်ပါ။ ပြီးရင်သေချာလေးမွှေပေးပြီး သင့်ရဲ့မျက်နှာသာမက ခန္ဓာကိုယ်အနှံ့ကို ပွတ်လိမ်းပေးကာ ဂျီးချွတ်ပေးနိုင်ပါတယ်။ ဆဲလ်သေတွေကိုလည်းဖယ်ရှားပေးပြီး အသားအရေကိုလည်း စိုပြေလာစေမှာပါ။

၃။ နှုတ်ခမ်းသားကို ဒီလိုဂျီးချွတ်မယ်

နှုတ်ခမ်းသား နူးညံ့နေစေဖိုပအတွက် Mascara ဆိုးတဲ့ အချောင်းအသန့်ကို သုံးနိုင်ပါတယ်။ အရင်ဆုံးနှုတ်ခမ်းမှာ Lip Balm (သို့) အဆီတမျိုးမျိုးကို ဆိုးပေးလိုက်ပြီး Mascara နဲ့ ပွတ်ပေးလိုက်ပါ။

၄။ နားကြတ်တံကို မျက်လုံးချယ်ရာမှာသုံးနိုင်ပါတယ်

နားကြတ်တံအပေါ်က ဝါဂွမ်းကိုခပ်ပွပွလေးဖြစ်အောင်လုပ်ပြီး မျက်လုံးကို ချယ်လို့ရပါတယ်။ တကယ်လို့ မျက်လုံးချယ်တဲ့အခါမှာ Blend လုပ်ဖို့ မေ့သွားရင်လည်း အဲဒါလေးနဲ့ လုပ်လို့အဆင်ပြေပါတယ်နော်။

၅။ သွားလေးတွေဖြူဝင်းစေဖို့

စတော်ဘယ်ရီနဲ့ Baking Soda (မုန့်ဖုတ်ဆိုဒါ) ကို ဆတူရောပြီး သွားတိုက်တံမှာတင်ပေးကာ သွားတိုက်ပေးလို့ရပါတယ်။

ဒါမှမဟုတ် Baking Soda နဲ့ သံပယိုရည် အနည်းငယ်ရာပြီး သွားတိုက်ပေးရင် သွားကို ဖြူဝင်းစေမှာပါ။