ကောင်းကင်တမန်တွေ၊ နတ်သား၊ နတ်သမီးတွေဟာ အပြစ်ကင်းစင်ခြင်း၊ သန့်ရှင်းစင်ကြယ်ခြင်းကို ကိုယ်စားပြုပြီး လူသားတွေကို အန္တရာယ်ကြားထဲမှာ ကာကွယ်ပေးပြီး ဘေးအန္တရာယ်ကင်းရာသို့ လမ်းညွှန်ပေးကြပါတယ်။ ထိုအဓိပ္ပာယ်ဖွင့်ဆိုချက်များကြောင့် အိန်ဂျလ်တက်တူးများ ကို ထိုးလာကြတာဖြစ်ပါတယ်။

သူတို့တွေမှာ ထင်ရှားတဲ့အသွင်သဏ္ဍာန်တစ်ခုကတော့ တောင်ပံများပါရှိခြင်းပါပဲ။ ထိုတောင်ပံတက်တူးနဲ့ တွဲစပ်ကာ ရေးထိုးထားတဲ့ တက်တူးပေါ်မူတည်ပြီး တက်တူးရဲ့အဓိပ္ပာယ်သည်လည်း အနည်းငယ် ပြောင်းလဲသွားတတ်ပါတယ်။

အချို့ကလည်း တက်တူးကို ကျောပြင်မှာ ရေးထိုးတတ်ကြပြီး အချို့ကလည်း နားရွက်နောက်နားမှာ (သို့) လက်ကောက်ဝတ်နားမှာ ခပ်သေးသေးလေး ရေးထိုးတတ်ကြပါတယ်။ သင့်ရဲ့အကြိုက်ပေါ်မူတည်ပြီး သင့်ရဲ့တက်တူးအသေး အကြီးသည်လည်း ကွဲပြားသွားမှာဖြစ်ပါတယ်။

အိန်ဂျယ်လ်တောင်ပံပုံကို တက်တူးအဖြစ်ရေးထိုးချင်တဲ့သူများအတွက် တက်တူးအိုင်ဒီယာတချို့ကို ဝေမျှပေးလိုက်ရပါတယ်။

ကျောပြင်ပေါ်မှာ ရေးထိုးထားတဲ့ တက်တူး

ရင်အုပ်ပေါ်မှာ ရေးထိုးတားတဲ့ တောင်ပံတက်တူး

လက်မောင်းပေါ်မှာ ရေးထိုးထားတဲ့ တက်တူး

နားရွက်နောက်နားမှာ ရေးထိုးထားတဲ့ တက်တူး

တောင်ပံအသေးစားတက်တူး

အသည်းနှလုံးနှင့် ဆက်နေတဲ့ တောင်ပံတက်တူး

နတ်သားကလေး

တောင်ပံနှင့် ခုနှစ်သက္ကရာဇ်

လက်ကောက်ဝတ်မှာ ရေးထိုးထားတဲ့ တက်တူး

အခုဖော်ပြသွားတဲ့တက်တူးဒီဇိုင်းများသည် တက်တူးချစ်သူများအတွက် အထောက်အကူဖြစ်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။