Shaving လုပ်ပြီးရင် ခဏလေးနဲ့ အမွှေးတွေပြန်ထွက်လာတတ်ပါတယ်။ ဒီလိုခဏလေးနဲ့ပြန်မထွက်လာပဲ ကြာရှည်ခံဖို့ဆိုရင်တော့ Shaving လုပ်တဲ့အချိန်ထဲက သေချာဂရုစိုက်ပြီး လုပ်ပေးဖို့လိုပါတယ်။ ဒါကြောင့် Shaving လုပ်ထားတာ ကြာရှည်ခံအောင် စနစ်တကျနဲ့လုပ်ပေးရမယ့် အဆင့်တွေကို ပြောပြပေးလိုက်ပါတယ်။

Shaving မလုပ်ခင်မှာ သေချာချေးချွတ်ပြီး သန့်စင်ပေးဖို့လိုပါတယ်။ Shaving လုပ်မယ့်နေရာကို သေချာချေးချွတ်သန့်စင်ပေးဖို့က အရေးအကြီးဆုံးပါပဲ။ ဒီလိုလုပ်ပေးခြင်းက ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး အသားအရေကို ချောမွေ့သွားစေပါတယ်။

သေချာချေးချွတ်ပြီးတာနဲ့ ရေချိုးလိုက်ပါ။ တော်တော်များများက Shaving လုပ်ပြီမှရေချိုးကြတာများပါတယ်။ ဒီလိုမလုပ်ပါနဲ့။ ပထမအဆင့်ပြီးတာနဲ့ ရေချိုးလိုက်ပါ။

Shaving လုပ်တဲ့အခါမှာသုံးတဲ့ Foam ကို အသုံးပြုပေးပါ။ ရိုးရိုးဆပ်ပြာသုံးတာထက် Foam ကိုသုံးပေးတာက ပိုသင့်တော်ပါတယ်။ သူက လွယ်လွယ်ကူကူနဲ့ရိတ်လို့ရအောင် Shaving လုပ်တဲ့အခါမှာ ချောမွေ့နေအောင် ကူညီပေးပါတယ်။

Shaving လုပ်မယ့်ကိရိယာမှာ Blade ဓားက ညာဘက်မှာရှိတာကို ရွေးဝယ်ပြီး အဲ့တာနဲ့ရိတ်ပါ။ ဓားကို ဘယ်ဘက်ထားပြီးရိတ်တာထက် ညာဘက်ထားပြီးရိတ်တာက Shaving လုပ်ထားတာကို ကြာရှည်ခံစေပါတယ်။

Shaving လုပ်ထားတာကြာရှည်ခံစေဖို့ နည်းလမ်းမှန်မှန်နဲ့ Shaving လုပ်ပေးဖို့က အရမ်းအရေးကြီးပါတယ်။ ခြေသလုံးအောက်ကနေ အထက်ကိုရိတ်ပေးရမှာပါ။ အထက်ကနေ အောက်ကိုရိတ်ပေးရမှာ မဟုတ်ဘူးနော်။

Shaving လုပ်ပြီးရင် ရေသေချာစင်အောင် ဆေးချပါ။ လက်နဲ့ပွတ်ပြီး သေချာလေးဆေးပေးပါ။ သန့်စင်သွားအောင် ရေသေချာဆေးဖို့ကလည်း အရေးကြီးပါတယ်။ ပြီးရင်တော့ အဝတ်နဲ့ အသာလေးဖိဖိပြီး သုတ်ပေးပါ။ အရမ်းပွတ်တာမျိုး လုံးဝမလုပ်ပါနဲ့။ ဒီအချိန်မှာ အသားကအရမ်းနုသွားတာဖြစ်တဲ့အတွက် ဆင်ခြင်ဖို့လိုပါတယ်။

နောက်ဆုံးအဆင့်အနေနဲ့ အဝတ်နဲ့သုတ်ပြီးတာနဲ့ ချက်ချင်း Moisturiser ကိုလိမ်းပေးရပါမယ်။ သေချာအသားထဲထိစမ့်ဝင်သွားအောင် လိမ်းပေးရပါမယ်။

ဒီအဆင့်တွေပြီးပြီဆိုရင်တော့ Shaving လုပ်တာတွေအားလုံးပြီးသွားပါပြီ။ ခဏခဏ Shaving မလုပ်ချင်ဘူးဆိုရင်တော့ ကြာရှည်ခံအောင် ဒီအချက်လေးတွေကို လိုက်နာပေးရပါမယ်။

Photo Source: www.womensok.com