လိုက်ဖက်တဲ့စုံတွဲတစ်တွဲဖြစ်ဖို့ သင်ဘယ်လောက်ပဲကြိုးစားကြိုးစား သဲထဲရေသွန်ဖြစ်နေပြီလား။ အဆင်ပြေအောင်ညှိယူတယ်၊ အလျှော့ပေးတယ် ဒါပေမဲ့ ဘယ်တော့မှအဆင်မပြေဘူး။ အဆင်ပြေတဲ့အချိန်ထက် ရန်ဖြစ်တဲ့အချိန်က ပိုများနေတဲ့စုံတွဲတွေကို မြင်ဖူးကြမှာပါ။

ဒါတွေက သင်နဲ့ သင့်ချစ်သူရဲ့ ရာသီခွင်နဲ့ပတ်သက်နေပါတယ်။ ဒီတော့ ကိုယ်နဲ့ အဆင်မပြေတဲ့ရာသီခွင်က ဘယ်ရာသီခွင်လဲသိအောင် ကြည့်လိုက်ရအောင်နော်။ ရာသီခွင်ကို မသိသေးတဲ့သူတွေအတွက် ပုံနဲ့ ပြပေးထားပါတယ်။

Source: Pysanky.info

၁။ Aries နဲ့ Taurus

Aries ရာသီခွင်တွေက တဇွတ်ထိုးနိုင်ပြီး ဆုံးဖြတ်ပြီးရင်လည်း ဘယ်တော့မှ ပြန်မပြင်တဲ့လူတွေပါ။ Taurus တွေကတော့ ခေါင်းမာတတ်ကြပါတယ်။ ဒီလိုစုံတွဲရန်ဖြစ်တဲ့အချိန်မှာ စိတ်တူသွားတယ်ဆိုတာမျိုးရှားပါတယ်။ Aries က သဘောထားမတိုက်ဆိုင်လို့ ဒေါသူပုန်ထနေတဲ့အချိန်မှာ Taurus ရာသီဖွားက ခေါင်းမာပြီး ရှင်းပြချက်အတိအကျသိချင်နေတတ်ပါတယ်။

၂။ Taurus နဲ့ Sagittarius

Sagittarius ရာသီဖွားတွေက အသစ်အသစ်တွေကိုရှာဖွေရတာ နှစ်သက်သူမျိုးပါ။ လူပေါင်းဆန့်ပြီး အပေါင်းအသင်းကြားထဲမှာ ပျော်ပျော်ကြီးနေတတ်သူမျိုးပါ။ Taurus ရာသီဖွားကတော့ တိတ်တိတ်ဆိတ်ဆိတ်နေတတ်ပြီး ရိုးရှင်းတာကိုပဲ နှစ်သက်နေတတ်ပါတယ်။ ပြဒါးတစ်လမ်း သံတစ်လမ်းပါပဲ။

၃။ Gemini နဲ့ Capricorn

Gemini ရာသီဖွားတွေက နှလုံးသားချင်းစကားပြောရတာ သဘောကျပြီး စိတ်ကူးယဉ်ဆန်တတ်တဲ့သူတွေပါ။ Capricorn ကတော့ ခေါင်းမာပြီး အစစအရာရာကို အသေးစိတ်စီစဉ်ထားတတ်သူပါ။ စိတ်ကူးယဉ်ဆန်သူနဲ့ လက်တွေ့ဆန်တဲ့ သူတွေ့တော့တာပါပဲ။

၄။ Cancer နဲ့ Aquarius

Cancer  တွေက အိမ်မှာပဲ အေးဆေးနေချင်ကြပါတယ်။ Aquarius ကတော့ လွတ်လွတ်လပ်လပ်နေတတ်သူပါ။ Cancer ရာသီဖွားတွေက သူတို့ဘဝမှာ ရောင့်ရဲတင်းတိမ်ပြီး ဘယ်သူ့ကိုမှ မလိုအပ်ဘူးလို့ တွေးတတ်ကြပါတယ်။ Aquarius တွေကတော့ တခြားသူတွေရဲ့ အမှားထောက်ပြရတာကို ပျော်မွေ့တတ်သူတွေပါ။ ဒီစုံတွဲက ရှေ့သွားနောက်လိုက်ညီမယ်လို့ သင်ထင်ပါသလား။

၅။ Leo နဲ့ Scorpio

Scorpio တွေက ချီးကျူးစရာရှိရင်လည်း ထုတ်မပြောတတ်သူမျိုးပါ။ Leo ရာသီဖွားတွေကတော့ သူတို့ အောင်မြင်တဲ့အရာတွေအတွက် ချီးကျူးဂုဏ်ပြုစကားကြားချင်ကြပါတယ်။ ဒီစုံတွဲသာတွဲလိုက်လို့ကတော့ အတ္တတိုက်ပွဲတွေပဲ ဖြစ်နေတော့မှာပါ။

၆။ Virgo နဲ့ Sagittarius

Sagittarius ရာသီဖွားတွေက သွေးအေးပြီး အပျော်အပါးမက်တဲ့သူတွေပါ။ ဒီရာသီဖွားတွေက မနက်မိုးလင်းရင် Morning ညဆိုရင် Goodnight ချစ်သူဆိုပြီး ဂရုတစိုက်မက်ဆေ့ပို့မယ့်အထဲမပါပါဘူး။ Virgos တွေကတော့သူတို့ရဲ့ အချစ်တွေကို ထုတ်ဖော်တတ်ပါတယ်။ သူတို့ပေးတဲ့အချိန်မှာ ပြန်ရတာမျိုးပဲ လိုချင်တဲ့သူတွေပါ။

၇။ Libra နဲ့ Virgo

Virgos ရာသီဖွားတွေက အရာရာကိုပြည့်စုံမှ ကျေနပ်သူပါ။ ဒီလိုစိတ်ကိုပဲ Libra တွေမနှစ်သက်တာပါ။ ဒီအတွဲအတွက် ပြဿနာက ဒီတစ်ခုပဲရှိပါတယ်။ ဒီတော့ Virgo ဘက်က အလျှော့ပေးရင်တော့ အဆင်ပြေနိုင်ပါတယ်။

၈။ Scorpio နဲ့ Aries

ဒီရာသီခွင်နှစ်ခုလုံးက စိတ်ဆတ်ပြီး ဒေါသကြီးတတ်ကြပါတယ်။ ဒီစုံတွဲရန်ဖြစ်လို့ကတော့ ဘယ်တော့မှအဆုံးမသတ်နိုင်တဲ့ စစ်ပွဲလိုပဲ ဖြစ်နေမှာပါ။

၉။ Sagittarius နဲ့ Capricorn

သင်တို့စုံတွဲက ဒီရာသီခွင်ဆိုရင် “မင်းက ကိုယ်ပျော်အောင်မထားဘူး” ဆိုတဲ့စကားမျိုး ပြောဖူးကြမှာပါ။ ဒီရာသီခွင်နှစ်ခုက တစ်ယောက်နဲ့တစ်ယောက် ဆွဲဆောင်အားလည်း နည်းပါးပါတယ်။

၁၀။ Pisces နဲ့ Virgo

Pisces တွေက ရာသီခွင်တွေထဲမှာ စိတ်ထိခိုက်အလွယ်ဆုံး ရာသီဖွားတွေပါ။ Virgo တွေကတော့ လက်တွေ့ကျပြီး အရာမရောက်ဘူးလို့ ခံစားနေတတ်သူပါ။ ဒီစုံတွဲကလည်း မပြီးနိုင်တဲ့စစ်ပွဲလိုပဲ ရန်ဖြစ်နေရမှာပါ။