ရှားစောင်းလက်ပတ်ဂျယ်ကို ရေ 96% ကျော်နဲ့ ဖွဲ့စည်းထားသောကြောင့် အသားအရေကိုရေဓာတ်ဖြည့်ပေးနိုင်တဲ့ သူ့ရဲ့ဂုဏ်သတ္တိက အံ့သြစရာမရှိပါဘူး။ ဒီလို အသားအရေတွက်ကောင်းတဲ့ ရှားစောင်းကို အပြစ်အနာအဆာကင်းပြီး ချောမွေ့တဲ့အသားအရေရဖို့အတွက် ဘယ်လိုသုံးလို့ရလဲဆိုတာ ဝေမျှပေးလိုက်ပါတယ်။

ရှားစောင်းလက်ပတ်က အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး မှော်ဆန်ဆန် အရေပြားထဲ စိမ့်ဝင်နိုင်တဲ့အပြင် သူ့ရဲ့ ပေါ့ပါးတဲ့ Texture ကြောင့် အဆီပြန်ပြီး ဝက်ခြံထွက်တတ်တဲ့ အသားအရေတွေအတွက်တောင် သဘာဝ Moisturizer အဖြစ်လူသိများပါတယ်။

ရှားစောင်းက အသားအရေနေလောင်တာ ၊ ယားတာ ၊ နီတာ ၊ ပိုးဝင်တာ စတဲ့ အရေပြားပြဿနာတွေကို သက်သာစေတာမလို့ Sensitive skin တွေအတွက် တကယ်ကောင်းတဲ့ Ingredient တစ်ခုဖြစ်တဲ့ ရှားစောင်းလက်ပတ်ဟာ နွေရာသီအတွက်လည်း မရှိမဖြစ်လိုအပ်တဲ့ Summer Skincare Ingredient တစ်ခုဆိုတာ အံ့သြစရာမရှိပါဘူး။

အသက်ကြီးလာတာနဲ့အမျှ အသားအရေတင်းရင်းမှုက လျော့လာပါတယ်။ အဲဒါကို ဖြေရှင်းဖို့ ရှားစောင်းက ကူညီပေးနိုင်ပါတယ်။ မျက်နှာပေါ်က အရေးအကြောင်းများနဲ့ အစင်းကြောင်းများကို လျော့ပါးစေရုံသာမက အရေပြားရဲ့ Elasticity ကို မြှင့်တင်ပေးပြီး အရေပြားဆဲလ်များကို ပြုပြင်ပေးတာကြောင့် အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှုကိုလည်း ကာကွယ်ပေးပါတယ်။

ရှားစောင်းက ဝက်ခြံကိုဖြစ်စေတဲ့ ဘက်တီးရီးယားများစုပုံတာကို ကာကွယ်ပေးပြီး အနာကျက်မြန်စေတာမလို့ ရှားစောင်းလက်ပတ်ဂျယ်လ် နည်းနည်းကို ဝက်ခြံပေါ်လိမ်းပေးရင် အချိန်တိုအတွင်း ပျောက်စေသလို ကျန်ခဲ့တဲ့ ဝက်ခြံအမာရွတ်တွေနဲ့ အစက်အပြောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

ညဘက်မှာ ရှားစောင်းလက်ပတ်ဂျယ်လ်ကို မျက်လုံးတစ်ဝိုက်မှာ လိမ်းပေးရင် မျက်လုံးကို ကြည်လင်စေပြီး အမဲစက်တွေကို ပျောက်ကင်းစေပါတယ်။

နေလောင်ထားသော အသားအရေကို ရှားစောင်းလိမ်းပေးရင် ရက်အနည်းငယ်အတွင်းမှာဘဲ သက်သာပျောက်ကင်းစေပါတယ်။ ဒါပေမယ့် နေလောင်ပြီးမှလိမ်းတာထက် အရေပြားကို ကြိုကာကွယ်တာက ပိုကောင်းပါတယ်။

အသားအရေကို စိုပြေစေပြီး ရေဓာတ်ကို ဖြည့်တင်းပေးတဲ့ရှားစောင်းက နှင်းခူရဲ့ အဖြစ်များတဲ့ လက္ခဏာတစ်ခုဖြစ်တဲ့ ခြောက်သွေ့တဲ့အသားအရေကို အစိုဓာတ်ထိန်းပေးပြီး ယားယံတာကို သက်သာစေပါတယ်။ နေ့တိုင်းလိမ်းပေးရင် ရောင်ရမ်းမှုကို သက်သာစေပြီး ယားယံတာကိုလည်း သက်သာစေပါတယ်။

ရှားစောင်းဂျယ်ကို သုံးနေကျ Scrub နဲ့ရောသုံးရင် အရေပြားပေါ်က သဘာဝအဆီတွေကို ပြောင်စေပြီး ဆုံးရှုံးသွားတဲ့အစိုဓာတ်ကို ပြန်လည်ဖြည့်တင်းပေးတာကြောင့် သင့်အသားအရေကို တကယ်ကို နူးညံ့ချောမွေ့စေပြီး တောက်ပနေစေမှာပါ။