မင်္ဂလာပါနော်။ အသားအရေနဲ့ ပတ်သက်လို့ ကြုံတွေ့နေရတဲ့ ပြဿနာတွေထဲမှာ ဝက်ခြံဖြစ်ခြင်း၊ အရေးကြောင်းဖြစ်ခြင်း အသားခြောက်ခြင်းတွေ လည်း ပါဝင်ပါတယ်။ လူတိုင်း မိမိအသားအရေကို ကြည်လင်ဝင်းပတာမျိုး လိုချင်ကြပါတယ်။

ရှားစောင်းလက်ပက်ဟာ ရောင်ရမ်းမှုကို သက်သာစေသလို အသားအရေကို စိုပြေစေပြီး ကျန်းမာစိုပြေတဲ့ အသားအရေကို ရရှိစေပါတယ်။

ရှားစောင်းလက်ပက်ကို အခုဖော်ပြမယ့် ပြဿနာတွေအတွက် အသုံးပြုလို့ရပါတယ်။ နေ့ချင်းညချင်း ပြောင်းလဲသွားမှာမျိုးတော့မဟုတ်ပေမယ့် ရေရှည်အသုံးပြုပေးရင် အသားအရေကို ကြည်လင်လာစေမှာပါ။

ဝက်ခြံနဲ့ ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်အတွက်

ရှားစောင်းလက်ပက် စားပွဲတင်ဇွန်း ၂ ဇွန်း

သံပယိုရည် (သို့) သံပရာရည် စားပွဲတင်ဇွန်း ၂ ဇွန်း

ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

ပါဝင်ပစ္စည်းတွေအားလုံးကိုရောလိုက်ပါ။

ပြီးရင် မျက်နှာပေါ်မှာ လိမ်းပေးလိုက်ပါ။ ၁၀ မိနစ်လောက်ထားပြီး ၂ မိနစ်လောက် ခပ်ဖွဖွလေး နှိပ်နယ်ပေးပါ။

အဲဒီနောက် ရေအေးအေးနဲ့ ဆေးချလိုက်ပါ။ နေ့တိုင်း အသုံးပြုနိုင်ပါတယ်။

မျက်တောင်ရှည်ရှည်နဲ့ ထူထူပိုင်ဆိုင်ဖို့

ပါဝင်ပစ္စည်း

ရှားစောင်းလက်ပက် စားပွဲတင်ဇွန်း ၁ ဇွန်း

ကြက်ဆူဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

ပါဝင်ပစ္စည်း ၂ မျိုးကိုရောလိုက်ပါ။ ပြီးရင် သေချာလေး မွှေပေးပြီး မျက်တောင်မွေးမှာ လိမ်းပေးလိုက်ပါ။ အဲဒီနောက် ၁၅ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ။ မျက်လုံးထဲမဝင်အောင် ဂရုစိုက်ပြီး နေ့စဉ်လုပ်ပေးပါ။ ၁ လလောက်ဆို သိသာလာပါလိမ့်မယ်။

အသားခြောက်ခြင်းနဲ့ အရေးကြောင်းသက်သာဖို့

ရှားစောင်းလက်ပက် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဗီတာမင် E အတောင့် ၁ တောင့်

ပြုလုပ်နည်း

ပါဝင်ပစ္စည်းတွေကို သေချာရောပြီးထည့်လိုက်ပါ။ ပြီးသွားရင် သင့်ရဲ့ မျက်နှာပေါ်မှာ လိမ်းပေးလိုက်ပြီး ၂ နာရီ ၃ နာရီအထိ ထားပါ။ အဲဒီနောက် ရေဆေးချလိုက်ပြီး Moisturizer လိမ်းပေးလိုက်ပါ။

အဆီပြန်တာ သက်သာဖို့

ပါဝင်ပစ္စည်း

ရှားစောင်းလက်ပက် စားပွဲတင်ဇွန်း ၄ ဇွန်း

သခွားသီးအရည် စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

ပါဝင်ပစ္စည်းတွေကို ရောလိုက်ပြီး သေချာမွေလိုက်ပါ။ ပြီးရင် မျက်နှာပေါ်မှာလိမ်းပေးပြီး မိနစ် ၃၀ လောက်ထားပါ။ အဲဒီနောက် ရေအေးအေးနဲ့ ဆေးချလိုက်ပြီး Moisturizer လိမ်းပေးလိုက်ပါ။