ဗာဒံစေ့မှာ အာဟာရဓာတ်များဖြစ်တဲ့ ကျန်းမာတဲ့အဆီများ၊ အမျှင်ဓာတ်၊ ဓာတုဗေဒပစ္စည်းများ၊ ဗီတာမင်နဲ့ သတ္တုဓာတ်များ ပြည့်ဝစွာပါဝင်ပါတယ်။ ဗာဒံစေ့ကို မူလက အရှေ့အလယ်ပိုင်းတွင် စိုက်ပျိုးခဲ့ပေမယ့် ဒီနေ့ခေတ်မှာတော့ ကမ္ဘာပေါ်မှာ ဗာဒံစေ့အထွက်ဆုံးနိုင်ငံက ကယ်လီဖိုးနီးယားဖြစ်ပြီး ထုတ်လုပ်မှု ၂ ဆ တိုးခဲ့ပါတယ်။
ဘာကြောင့်လဲ ဆိုတော့ လူတွေက ဗာဒံစေ့ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ပိုပိုပြီး သတိထားမိလာလို့ပါပဲ။
ဗာဒံစေ့ကို အသားအရေရဲ့ အစိုဓာတ်ထိန်းသိမ်းဖို့အသုံးပြုနိုင်ပြီး Psoriasis နဲ့ နှင်းခူ အပါအဝင် ခြောက်သွေ့တဲ့ အရေပြားပြဿနာများကို ကုသရာမှာ အသုံးပြုနိုင်ပါတယ်။
ဗာဒံဆီ၊ သံပုရာရည် ၊ ပျားရည်တို့ကို ရောပြီးလိမ်းပေးရင် နေရောင်ခြည်ကြောင့် ဖြစ်ပေါ်လာတဲ့ အသားအရေပျက်စီးမှုကို ကာကွယ်ပေးနိုင်ပါတယ်။
မျက်လုံးအောက်ရှိ အမည်းစက်များကို ဖယ်ရှားရန်အတွက် ဗာဒံဆီအနည်းငယ်ကို အိပ်ရာမဝင်ခင် လိမ်းပြီး နှိပ်နယ်ပေးပါ။
ဗာဒံစေ့မှာ မှိုသတ်နိုင်တဲ့ အစွမ်းထက်ဂုဏ်သတ္တိတွေပါဝင်တာကြောင့် အားကစားသမားတွေရဲ့ ခြေထောက်မှာ မှိုပိုးကူးစက်မှုကို ကာကွယ်ဖို့ ဗာဒံဆီကို လိမ်းပေးနိုင်ပါတယ်။
ဗာဒံဆီက လျင်မြန်စွာ စိမ့်ဝင်နိုင်ပြီး အစွမ်းထက်တဲ့ Moisturizer ဖြစ်တာကြောင့် မျက်နှာ သို့မဟုတ် ခန္ဓာကိုယ်အတွက် အသုံးပြုနိုင်ပါတယ်။