အားလုံးပဲ မင်္ဂလာပါ။ ဒေါက်ဖိနပ်လေးတွေက သင့်ကို အရပ်ရှည်ပြီး ပိန်သွယ်တဲ့ပုံပေါက်အောင် ကူညီပေးတဲ့အပြင် စမတ်ကျလှပေစေပါတယ်။ ဒါပေမဲ့ ဒေါက်ဖိနပ်ဝတ်ပြီး ကိုယ်ဝတ်ထားတဲ့ ဒေါက်နဲ့ လမ်းကောင်းကောင်းမလျှောက်တတ်တာက ကိုယ့်ဆွဲဆောင်မှုကို လျော့ကျစေပါတယ်။

တစ်ချို့အမျိုးသားတွေကလည်း ဒေါက်ဖိနပ်နဲ့ လမ်းကောင်းကောင်းမလျှောက်တတ်တဲ့မိန်းကလေးတွေက သူတို့ရဲ့ အမြင်မှာ ရယ်စရာကောင်း ပါတယ်လို့ ပြောကြပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ဆွဲဆောင်မှုလေး မလျော့ကျရလေအောင် ဒေါက်ဖိနပ်စီးတဲ့အခါ လမ်းဘယ်လိုလျှောက်ရမလဲဆိုတာကို ဝေမျှပေးလိုက်တယ်နော်။

ခြေလှမ်းစိတ်စိတ်လေး လမ်းလျှောက်ပါ

ဒေါက်ဖိနပ်စီးတဲ့အခါ ဖိနပ်အပါးလေးတွေ စီးသလိုမျိုး ခြေလှမ်းအကျဲကြီးတွေ လျှောက်ခြင်းကို ရှောင်ကြဉ်ရပါမယ်နော်..

ခြေဖနောင့်ကို အရင်ချပါ

လမ်းလျှောက်တဲ့အခါ သဘာဝကျအောင်လို့ ဒေါက်အချွန် (သို့) ခြေဖနောင့်ကို မြေကြီးပေါ် အရင်ချရပါမယ်။ ပြီးတော့မှ ခြေဦးထိပ်ကို ညင်ညင်သာသာလေး ရွေ့ပေးလိုက်ရမှာပါ။

ပုခုံးကိုင်းကိုင်း၊ ခါးကိုင်းကိုင်းနဲ့ လမ်းမလျှောက်ရဘူးနော်

ဒေါက်ဖိနပ်ဝတ်မှမဟုတ်ပါဘူး။ ဖိနပ်အပါးလေးတွေ ဝတ်တဲ့အခါမှာပဲဖြစ်ဖြစ်၊ လမ်းလျှောက်နေတဲ့အချိန်၊ ထိုင်နေတဲ့အချိန်မှာ ခါးမတ်မတ်ထားမယ်၊ ပုခုံးမကိုင်းဘဲနဲ့ ကိုယ်နေဟန်ထားမှန်မှန်နဲ့ဆို စမတ်ကျကျလှပနေမှာပါ။

မော်ဒယ်လေးတွေလမ်းလျှောက်သလို တစ်ဖြောင့်တည်းလျှောက်ပါ။

အိမ်မှာ ကျင့်စီးကြည့်ပါ

လမ်းလျှောက်တဲ့အခါ ချော်မလဲအောင်၊ လှေကားပေါ် အတက်အဆင်းလုပ်တဲ့အခါမှာလည်း အဆင်ပြေအောင်၊ ကိုယ့် ဒေါက်ဖိနပ်နဲ့ ကျင့်သားရအောင်လို့ အိမ်မှာ ကျင့်စီးကြည့်လိုက်ပါ။

ဒေါက်ဖိနပ်နဲ့ မတ်တပ်ရပ်ကြည့်ပါ

လမ်းလျှောက်နေတဲ့ အချိန်မှာတင်မကဘဲ မတ်တပ်ရပ်နေတဲ့အချိန်မှာပါ လှလှပပဖြစ်နေဖို့လိုတယ်နော်။

ခြေထောက်ကို အနားပေးပါ

ဒေါက်ဖိနပ်နဲ့ တစ်နေကုန် သွားလာလှုပ်ရှားနေရတဲ့အခါ၊ မတ်တပ်ရပ်နေရတဲ့အခါ သင့်ခြေထောက်က ယောင်ကိုင်းပြီး နာကျင်လာပါလိမ့်မယ်။

ဒေါက်ဖိနပ်ကို နေ့တိုင်းမဝတ်ပါနဲ့

ဒေါက်ဖိနပ် နေ့တိုင်း ဝတ်ဆင်ခြင်းက ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် ဖိနပ်အပါးလေးတွေနဲ့ အလဲအလှယ်လုပ်စီးပါ။

ကိုယ့် ခြေထောက်ဆိုဒ်နဲ့ မှန်ကန်တဲ့ ဒေါက်ကိုသာ ရွေးချယ်ပါ။

Source: Brightside.me

Featured Image Source: The List