မင်္ဂလာပါ… ပျိုမဒီတို့ရေ… Beauty Bone or Sexy Bone လို့ အများကခေါ်နေကြတဲ့ အရိုးက ရင်ဘတ်ရဲ့ နံရိုးအထက်မှာရှိတဲ့အရိုးပါ။ Beauty Bone လို့ခေါ်ရတဲ့ အဓိကအကြောင်းက ရင်ဘတ်အပေါ်ပိုင်း ခန္ဓာကိုယ်ရဲ့ ထင်ရှားတဲ့နေရာမှာ ရှိနေတာကြောင့်ပါ။

မြင်တဲ့လူတိုင်းရဲ့ အာရုံစူးစိုက်မှုကို ဆွဲဆောင်နိုင်တာကြောင့် Beauty Bone ကို မလိုချင်တဲ့လူဆိုတာ ခပ်ရှားရှားပါ။ သဘာဝအတိုင်း ထုဆစ်ပုံဖော်ထားတဲ့ Beauty Bone ကို ပိုင်ဆိုင်တဲ့ကံကောင်းသူတွေထဲမှာ သင်မပါလဲ စိတ်မညစ်ပါနဲ။ Beauty Bone ကို ပိုင်ဆိုင်နိုင်တဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Jogging

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန် လျှော့ချတာဟာ Beauty Bone ကို ရရှိဖို့ အထိရောက်ဆုံးပါပဲ။ Beauty Bone ကို ပိုမိုမြင်သာစေဖို့က ပိုနေတဲ့ ကယ်လိုရီတွေကို လျော့ဖို့ပါ။

Exercise

Beauty Bone ရဖို့ ထိရောက်တဲ့ လေ့ကျင့်ခန်းတွေ လုပ်ရလွယ်တဲ့ လေ့ကျင့်ခန်းတွေ ရှိပါတယ်။ Shoulder Shrugs လေ့ကျင့်ခန်းကို တစ်နေ့ 15-20 ကြိမ်လုပ်တာက ညှပ်ရိုးပိုကြီးလာစေပါတယ်။

Swimming

ရေကူးတာက ပခုံးနဲ့ လက်မောင်းတစ်ဝိုက်က အဆီပိုတွေကို လျော့ပါးစေဖို့ ကူညီပေးပါတယ်။

Yoga

နောက်ထပ်အကောင်းဆုံးနဲ့ အထိရောက်ဆုံးကစားနည်းက ယောဂပါ။ ဒါက အကောင်းဆုံး နည်းလမ်းတွေထဲက တစ်ခုပါ။ ရိုးရှင်းတဲ့ယောက ညှပ်ရိုးကိုပိုထင်ရှားစေဖို့ ကူညီပေးပါတယ်။

Diet

လေ့ကျင့်ခန်းတွေဘယ်လောက်ဘဲလုပ်လုပ် သင့်တော်တဲ့ Diet Plan မရှိရင် အလကားပါပဲ။ အာဟာရဓာတ်များတဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို နေ့တိုင်း ရေ ရှစ်ဖန်ခွက်နဲ့ သင့်လျော်အောင် စားသုံးပေးဖို့ လိုအပ်ပါတယ်။ ဒါမှ လိုချင်တဲ့ရလဒ်ကို အချိန်တိုတိုနဲ့ရမှာပါ။