အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ နောက်ထပ်ချစ်စရာကောင်းပြီး နာမည်ကြီးတဲ့ ထိုင်းလူမျိုး ကေပေါ့အိုင်ဒေါမလေး တစ်ယောက်ရဲ့ဖက်ရှင်လေးတွေကို ဖော်ပြပေးချင်ပါတယ်။ သူလေးကတော့ (G)I-DLE အဖွဲ့ဝင် Minnie ပဲဖြစ်ပါတယ်။
Minnie ဆိုတဲ့ အနုပညာနာမည်နဲ့ လှုပ်ရှားနေတဲ့ သူမရဲ့ နာမည်အရင်းက Nicha Yontararak ဖြစ်ပြီး ၁၉၉၇ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ မွေးဖွားခဲ့ပါတယ်။
သူမမှာ အမြွှာအစ်ကိုနှစ်ယောက်ရှိပြီး ဂီတအသိုင်းအဝိုင်းမှာ ကြီးပြင်းလာခဲ့တာမို့ အသက် ၅ နှစ်အရွယ်လောက်ကတည်းက စန္ဒယားတီးခဲ့ပြီး အသက် ၇ နှစ်အရွယ်ကတည်းက သီဆိုမှုနဲ့ပတ်သက်ပြီး သင်ယူခဲ့ပါတယ်။
မိခင်ဖြစ်သူ စန္ဒယားတီးခတ်မှုကို အမြဲကြည့်ရင်း သူမဆီက သင်ယူရင်းနဲ့ပဲ ဂီတကိုဝါသနာပါစေခဲ့တာမို့ အဓိက လွှမ်းမိုးမှုကတော့ သူမရဲ့မိခင်ကြောင့်လို့ ပြောလို့ရပါတယ်။ ထိုင်းစကားအပြင် English, ကိုရီးယား၊ ဂျပန်နဲ့ တရုတ်စကားတို့ကို ပြောနိုင်ပါတယ်။
အရပ် ငါးပေငါးလက်မရှိတဲ့ သူမရဲ့ဖက်ရှင်လေးတွေက အခုခေတ် ပျိုမေလေးတွေ အင်မတန်သဘောကျကြမယ်ဆိုတာ ယုံကြည်လို့ ချစ်စရာကောင်းသလို ပေါ့ပေါ့ပါးပါးလည်းဖြစ်စေမယ့် Minnie ရဲ့ ဖက်ရှင်တွေကို ကြည့်လိုက်ရအောင်နော်။
Source: Pinterest