သင်က အသက် ၂၀ ရောက်ပြီဆိုတာနဲ့ ခံစားချက် မျိုးစုံက ဝင်လာလေ့ရှိပါတယ်။ ၂၀ အရွယ်က Teen အရွယ် မကျ လူလတ်မကျ အရွယ် အပိုင်းအခြား ဖြစ်တာမို့ အရင်ထက် တာဝန်ယူစရာတွေ များလာတတ်ပါတယ်။ ဒီလိုပဲ အရာရာတိုင်း အတွက် သင့် မိဘတွေကို အားကိုးလို့ မရတော့တဲ့ အရွယ်အပိုင်းအခြားထဲ ရောက်လာပါပြီ။

ဒီလို အသက်အရွယ်ထဲ ဝင်လာပြီ ဖြစ်တဲ့ မိန်းကလေး တွေ အနေနဲ့ ပိုင်ဆိုင်ထားသင့်တဲ့ အရာတွေ ရှိပါတယ်။ ဘယ်အရာတွေ ဖြစ်မလဲ ကြည့်လိုက်ရအောင်-

Self-Love

သင်ငယ်ငယ်က ရှိခဲ့ဖူးတဲ့ အားနည်းချက်တွေ၊ မလုံမခြုံ ဖြစ်စိတ်တွေက လွယ်လွယ်နဲ့တော့ မပျောက်သွားတတ်ပါဘူး။ ဒါပေမဲ့ အသက် ၂၀ အရွယ် ရောက်လာပြီ ဖြစ်တာမို့ မျက်နှာ သွင်ပြင်ထက် အရေးပါတာတွေ ပိုများလာပါပြီ။ သင်က အသက်ကြီးလာတာနဲ့ အမျှ ကိုယ့်ကိုယ်ကိုယ် ချစ်ပြီး လက်ခံတတ်လာဖို့ အရေးကြီးပါတယ်။

အင်တာဗျူး ဝတ်စုံ

အသက် ၂၀ အရွယ်က လုပ်ငန်းတွေထဲ စဝင်ရတော့မယ့် အရွယ်ဖြစ်တာမို့ ဘယ်အချိန် ဘယ်အလုပ်ပေါ်လာမလဲ မသိနိုင်ပါဘူး။ အလုပ်လျှောက်ခါနီးမှ ကပ်ဝယ်ရင် အဆင်မပြေတာတွေ ကြုံနိုင်တာမို့ သင့်အတွက် အချိုးအစားကျတဲ့ အင်တာဗျူး ဖြေတဲ့ ဝတ်စုံတစ်စုံ အနည်းဆုံး ရှိထားသင့်ပါတယ်။

စုထားတဲ့ ပိုက်ဆံ

အသက် ၂၀ အရွယ်တည်းက ပိုက်ဆံစစုသင့်ပါပြီ။ ဒီလိုမှ အသက် ရလာတဲ့အခါ သင်လုပ်ချင်တဲ့ အလုပ်အတွက် လိုအပ်တဲ့ အရင်းအနှီးတစ်ခု ရလာမှာပါ။

လေ့ကျင့်ခန်း Routine

သင်က အသက် ၂၀ တည်းက သင်နဲ့ အဆင်ပြေတဲ့ လေ့ကျင့်ခန်း ပုံစံကို သိထားသင့်ပါတယ်။ လေ့ကျင့်ခန်းကို နေ့တိုင်း လုပ်စရာ မလိုဘဲ အသင့်အတင့် လုပ်နိုင်ရုံနဲ့ လုံလောက်ပါတယ်။ အရေးကြီးတာက ကိုယ့်ခန္ဓာကိုယ်နဲ့ ထိရောက်တဲ့ Exercise Routine ကို သိထားရင် လုံလောက်ပါတယ်။

အချစ်မှာ စံသတ်မှတ်ချက်တွေထားပါ

ကျောင်းတက်တုန်းကလို စံသတ်မှတ်ချက်တွေ မထားဘဲ ကိုယ်ရင်ခုန်ရင် တွဲလိုက်မယ်ဆိုတဲ့ အချိန်ကာလက ကုန်လွန်သွားပါပြီ။ အိမ်ထောင်ပြုမယ် စဉ်းစားထားရင် အသက် ၂၀ ကျော် မှာ စတွဲတဲ့သူက အတည်ဖြစ်ဖို့ တွေးထားသင့်ပါတယ်။ ဒါကြောင့် သင့်ရဲ့ Right Person ကိုတွေ့ဖို့ အသက် ၂၀ တည်းက စံသတ်မှတ်ချက်တွေ ထားသင့်ပါပြီ။

ဟင်းချက်တတ်တဲ့ ကျွမ်းကျင်မှုတစ်ခု

သင်ချက်တဲ့ ဟင်းက စာဖိုမှူးတွေ လက်ခံတာမျိုး ဖြစ်စရာမလိုပါဘူး။ ဒါပေမဲ့ ကိုယ်တိုင် ချက်ပြုတ်တတ်ဖို့ သင်ယူထားသင့်ပါတယ်။ ဒီလိုမှ လိုအပ်တဲ့ အချိန်မှာ သင့်အတွက် ဟင်းချက်ရမယ်ဆိုတဲ့ အခက် မကြုံမှာပါ။

အသက် ၂၀ ရောက်ပြီဆိုတာနဲ့ သင့်အနာဂတ် အတွက် ကြိုပြင်ဆင်ထားသင့်ပါတယ်။ ဒါကြောင့်ပဲ အပေါ်က ရှိထားသင့်တဲ့ အချက်တွေ ပိုင်ဆိုင်ထားဖို့ လိုအပ်လာတာပါ။ သင့်မှာ အပေါ်က အရည်အချင်းတွေထဲ ဘယ်နှစ်ချက် ပိုင်ဆိုင်ထားပြီလဲ။

Photo Source: Pinterest

By MyStyle Myanmar