All black ဝတ်မှ အထာကျတာမဟုတ်ပါဘူး။ All white ဝတ်ပြီးလည်း အထာကျနေစေမယ့် ဖက်ရှင်စတိုင်လ်တွေ ရှိပါတယ်။ အဖြူကြိုက်တဲ့သူတွေဆိုရင်တော့ ဒီဖက်ရှင်လေးတွေကို သဘောကျမှာ သေချာပါတယ်။

ဒီဖက်ရှင်မျိုးဆိုရင် အခုနောက်ပိုင်း လူငယ်ကောင်မလေးတွေကြားမှာ အရမ်းခေတ်စားနေတဲ့ ဖက်ရှင်မျိုးပါ။ အဖြူရောင် tank top လေးတစ်ထည်ရှိရင် ဘာနဲ့ဝတ်ဝတ်ကို လိုက်ဖက်တာပါ။ ဒီလိုမျိုး all white လေးဝတ်မယ်ဆိုလည်း အထာကျပြီးမိုက်ပါတယ်။

အထာကျကျဝတ်ရတာကြိုက်ရင် all white ကိုမှ ဒီလိုဖက်ရှင်စတိုင်လ်မျိုးလေး ဝတ်ကြည့်ပါ။ အရမ်းမိုက်ပါတယ်။ ကြည့်လိုက်တာနဲ့ သန့်ပြီး ဖက်ရှင်ကျနေစေပါတယ်။ အခုနောက်ပိုင်းမှာလည်း ဒီလိုဖက်ရှင်လေးတွေက ခေတ်စားနေတာပါ။

ဒီလိုအင်္ကျီမျိုးကို အဖြူဝတ်ပြီဆိုရင် အောက်ကဘောင်းဘီအဖြူတွေနဲ့ တွဲဝတ်တာရှားပါတယ်။ ဒါကြောင့် ဒီလိုအထာကျတဲ့ ဘောင်းဘီအဖြူလေးနဲ့သာ တွဲဝတ်ကြည့်ပါ။ ဖိနပ်ဆိုလည်း boots အဖြူလေးစီးပါ။ လုံးဝကိုအထာကျတဲ့ဖက်ရှင်လေးနဲ့ အရမ်းမိုက်ပါတယ်။

Freestyle ပုံစံလေးဝတ်ချင်ရင် ဒီလို all white ဖက်ရှင်လေး ဝတ်ကြည့်ပါ။ ပေါ့ပါးတဲ့ပုံစံလေးနဲ့ ဖက်ရှင်ကျစေပါတယ်။

Bell pant တွေဆိုလည်း အခုနောက်ပိုင်းမှာ အရမ်းရေပန်းစားနေတာပါ။ အဲ့လို bell pant မျိုးကို အဖြူရောင်လေးဝတ်မယ်ဆိုရင် အင်္ကျီကိုလည်း အဖြူလေးဝတ်ကြည့်ပါ။ အဖြူဝမ်းဆက်လေးနဲ့ အထာကျပြီး အရမ်းလှပါတယ်။

ဒီ all white ဖက်ရှင်လေးဆိုရင် စကပ်ဝတ်ရတာကြိုက်တဲ့သူတွေ ဝတ်ကြည့်သင့်တဲ့ ဖက်ရှင်မျိုးပါ။ ကြည့်လိုက်တာနဲ့ သန့်ပြီးမိုက်နေတာမျိုးလေးပါ။

ဘောင်းဘီအဖြူတွေကို ဒီလို sexy top အဖြူလေးတွေနဲ့ တွဲဝတ်လိုက်ရင် သန့်ပြီး အရမ်းလှပါတယ်။ ဆွဲဆောင်မှုရှိပြီး ထင်ပေါ်နေမယ့် ဖက်ရှင်စတိုင်လ်မျိုးပါ။

ဒီလို 3 in 1 set လေးတွေဝတ်မယ်ဆိုရင် တခြားအရောင်တွေထက် အဖြူရောင်ကို ရွေးချယ်သင့်ပါတယ်။ အဖြူရောင်က ဝတ်လိုက်တာနဲ့ သန့်ပြီး အရမ်းလှပါတယ်။

ဒီမှာဆိုလည်း 3 in 1 coat set လေးကို အဖြူရောင်ဝတ်ထားတာ အထာကျပြီး အရမ်းမိုက်ပါတယ်။ All white ကိုမှ ဆွဲဆောင်မှုအပြည့်ရှိစေပါတယ်။

photo source:www.pinterest.com