မိန်းကလေးတိုင်းအတွက် မိတ်ကပ်ပြင်တဲ့အခါမှာ အသုံးဝင်စေမယ့် အလွယ်ကူဆုံး နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။ မိတ်ကပ်သိပ်မပြင်တတ်တဲ့ သူတွေအတွက်လည်း အရမ်းကိုအသုံးဝင်မယ့် နည်းလမ်းတွေဖြစ်ပါတယ်။
မျက်ခုံးမွှေးဆွဲတဲ့အခါမှာ သေချာညီအောင်မဆွဲတတ်ရင် ဇာဂနာကိုသုံးပြီး ဆွဲလို့ရပါတယ်။
ဇာဂနာထိပ်မှာ eyebrow pencil (သို့) gel ကိုသုတ်ပြီး မျက်ခုံးမှာ ဆွဲလိုက်ရုံပါပဲ။ ပြီးမှ brush နဲ့ အတွင်းတွေကို လိုက်ဖြည့်ပေးပါ။ ဒါဆိုရင်တော့ လှပပြီးညီညာတဲ့ မျက်ခုံးမွှေးကို ရရှိသွားမှာပါ။
Eyeshadow ကို သေချာမခြယ်တတ်ရင် ဒီနည်းလမ်းကိုသုံးပါ။
မျက်တောင်တုတွေမှာပါတဲ့ ကတ်လေးကို ပုံမှာပြထားတဲ့အတိုင်းညှပ်ပြီး eyeshadow သုတ်ပါ။ ပြီးရင် မျက်ခွံပေါ်ဖိတင်ပြီး brush နဲ့ blend ပြန်လုပ်ပေးပါ။ ဒါဆိုရင်တော့ eyeshadow base လှလှလေး ရသွားမှာပါ။ ပြီးမှ ကိုယ်ခြယ်ချင်တဲ့အရောင် ထပ်ခြယ်လို့လည်း ရပါတယ်။
Mascara နဲ့ မျက်တောင်ကော့တဲ့အခါမှာ ဒီတိုင်းကော့ရင် mascara တွေက မျက်တောင်မှာစုပြီး ခဲနေတာမျိုးတွေ ဖြစ်တတ်ပါတယ်။
ဒါကြောင့် vaseline ကို မျက်တောင်ကော့တဲ့အတံလေးနဲ့ယူပြီး မျက်တောင်အရင်ကော့ပါ။ ပြီးမှ mascara နဲ့ကော့ပါ။ ဒါဆိုရင်တော့ မျက်တောင်တွေလည်းစုမနေသလို မျက်တောင်မှာ mascara တွေခဲနေတာမျိုးလည်း မဖြစ်တော့ပါဘူး။
မေးရိုးချတာမျိုးတွေ contouring လုပ်ချင်ပေမယ့် သေချာညီအောင်မလုပ်တတ်ဘူးဆိုရင် ဒီနည်းလမ်းကိုသုံးပေးပါ။
အရင်ဆုံး makeup sponge ကို ၄ ပိုင်း ညှပ်လိုက်ပါ။ ပြီးရင်တော့ ညှပ်ထားတဲ့ တစ်ပိုင်းမှာ contour palette ကိုသုတ်ပြီး ပုံမှာပြထားတဲ့ ပါးရိုး၊ မေးရိုးနဲ့ နဖူးနေရာတွေမှာ ဖိလိုက်ပါ။ ပြီးမှ makeup sponge အကောင်းနဲ့ blend ပေးပါ။
ကျိုးကြေသွားတဲ့ eyeshadow တွေရှိရင် Vaseline နဲ့ ရောလိုက်ပါ။ ပြီးရင်တော့ သွားပွတ်တံ (သို့) mascara ကော့တဲ့အတံနဲ့ယူပြီး မျက်တောင်ကော့လို့ရပါတယ်။ Mascara မရှိရင် ဒီနည်းလမ်းက အရမ်းအသုံးဝင်စေသလို ကျိုးကြေသွားတဲ့ eyeshadow လည်း အလကားမဖြစ်တော့ဘူးပေါ့။
source:www.5minutecraftsgirly