သူငယ်ချင်းတွေထဲမှာ ခန္ဓာကိုယ်သေးသေးလေးနဲ့ ချစ်စရာကောင်းနေတဲ့သူတော့ရှိကိုရှိတတ်ပါတယ်။ သူတို့ကိုကြည့်လိုက်ရင် ပိန်ပိန်ပါးပါးလေးနဲ့ ကြည့်ကောင်းနေတယ်ဆိုပေမယ့် သူ့တို့ဘက်မှာလည်း စိတ်အနှောင့်အယှက်ဖြစ်စရာလေးတွေရှိနေပါတယ်။

ဒါတွေကို သင့်သူငယ်ချင်းအတွက် နားလည်ထားဖို့လိုတာပေါ့။

အဝတ်အစားတွေကကြီးနေတာ

ကိုယ်နဲ့ပွပွလေးဖြစ်နေမယ့် အင်္ကျီဆိုပြီး မဝယ်လိုက်မိနဲ့ ပွနေတော့တာပဲ။ တစ်ခြားသူတွေနဲ့ ကွက်တိဖြစ်ပြီး လှနေတဲ့အဝတ်အစားမျိုးတွေကလည်း သူတို့အတွက်တော့ တော်တော်လေးကိုအဆင်မပြေတဲ့ ဝတ်စုံမျိုး ဖြစ်နေတတ်တာတွေက အဓိကစိတ်အနှောက်အယှက်ဖြစ်စရာတွေပါ။

စကပ်ရှည်လေးတွေဝတ်တဲ့အခါ

နွေရာသီလိုအချိန်မျိုးမှာ သူများတွေစကပ်ရှည်လေးတွေ၊ ဂါဝန်ရှည်လေးတွေနဲ့ဖက်ရှင်ကျနေပေမယ့် ကိုယ်လုံးသေးတဲ့သူတွေအတွက်တော့ လိုက်ဝယ်မိရင်အိပ်မက်ဆိုးလိုပါပဲ။ စက်ချုပ်ဆိုင်မှာသွားပြီး အရှည်ကိုဖြတ်ရမလားဆိုပြီး တွေဝေစရာတွေဖြစ်လာတော့တာပေါ့။

သေးတယ်နော်လို့အပြောခံရတဲ့အခါ

တခြားသူကတော့ စိတ်ထဲဘယ်လိုမှမနေပဲပြောလိုက်တဲ့စကားဆိုပေမယ့် ဒီလိုစကားမျိုးကလည်း သူတို့အတွက် တော်တော်လေးကိုစိတ်ရှုပ်စေတဲ့စကားမျိုးပါ။

Online ကနေ Shopping လုပ်မယ်ဆိုရင်

သူတို့နဲ့သင့်တော်ပြီး ကွက်တိဖြစ်နေမယ့် အဝတ်အစားမျိုးဆိုတာ တော်တော်လေးကိုရှားလွန်းတာကြောင့် သူများတွေလိုမျိုး Online ကနေပစ္စည်းတွေမှာယူဖို့ဆိုတာ တော်တော်လေးကိုစဉ်းစားရတဲ့ ကိစ္စမျိုးဖြစ်နေတာတွေကြောင့် မဝယ်ဖြစ်တာလည်းများတာပေါ့။

နေ့တိုင်းပြဿနာ

နေ့တိုင်းလိုလို မကြာခဏကြုံတွေ့ရမယ့် ပြဿနာကတော့ ပစ္စည်းတွေမမှီမကမ်းဖြစ်တာမျိုးပေါ့။ ကားစီးရင် ကိုင်စရာတန်းမမှီတော့တာမျိုးတွေကလည်း သူတို့အတွက်တော့ တော်တော်လေးကို စိတ်ရှုပ်စရာကောင်းနေစေတဲ့ အရာမျိုးတွေပဲဖြစ်ပါတယ်။

Photo Source: Pinterest