ကိုယ့်ခန္ဓာကိုယ်အချိုးအစားက ဘယ်လိုပုံစံပဲဖြစ်နေပါစေ၊ ကိုယ်နဲ့လိုက်ဖက်တဲ့ဖက်ရှင်ကို သေချာရွေးချယ်ပြီးဝတ်တတ်ရင် အမြဲလှနေမှာပါ။ ဒီတစ်ခါမှာတော့ အရပ်ပုတဲ့ကောင်မလေးတွေဆီမှာရှိသင့်တဲ့ ဖက်ရှင်တွေကို ဖော်ပြပေးလိုက်ပါတယ်။
ဒီဖက်ရှင်လေးတွေက အရပ်ပုတဲ့ကောင်မလေးတွေအတွက် အရမ်းကိုလိုက်ဖက်တဲ့ ဖက်ရှင်တွေဖြစ်တာကြောင့် Try ကြည့်သင့်ပါတယ်နော်။
Mini Skirt
Mini Skirt အကျပ်လေးတွေဆိုရင် အရပ်ပုတဲ့ကောင်မလေးတွေနဲ့ အရမ်းကိုလိုက်ဖက်ပါတယ်။ တချို့က အရပ်ပုတဲ့ကောင်မလေးတွေကို စကပ်အတိုအကားလေးတွေဝတ်ရင် ချစ်ဖို့ကောင်းတယ်ဆိုပြီး အကားလေးတွေဝတ်ဖို့ အကြံပေးကြတာများပါတယ်။ အရပ်ပုတဲ့သူက ဒီလိုအကားလေးတွေဝတ်ရင် ချစ်ဖို့ကောင်းပေမယ့် ပိုပြီးကလေးဆန်သွားစေပါတယ်။ ကိုယ်က ကလေးဆန်တာကြိုက်ရင်တော့ ဝတ်လို့ရပေမယ့် ကလေးဆန်တာမကြိုက်ရင်တော့ Mini Skirt လေးတွေက Must Have ပါပဲနော်။
Romper
အရပ်ပုတဲ့ကောင်မလေးတွေနဲ့လိုက်ဖက်တဲ့ နောက်ထပ်ဖက်ရှင်ကတော့ Romper ပါပဲ။ အရပ်ပုတဲ့ကောင်မလေးတွေ Romper ဝတ်ထားရင် အရမ်းချစ်ဖို့ကောင်းပါတယ်။ ဒါ့အပြင် Romper လေးတွေဝတ်ရတာက ပေါ့ပေါ့ပါးပါးပါးနဲ့ သက်တောင့်သက်သာဖြစ်စေတယ်။ တစ်ထည်ထဲနဲ့လည်း ပြီးသွားစေပါတယ်။
Bodycon dress
အရပ်ပုတဲ့ကောင်မလေးတွေက ကိုယ်ကျပ်လေးတွေနဲ့ အရမ်းလိုက်ပါတယ်။ Dress ထဲမှာဆိုရင် ကိုယ်ကျပ် Bodycon dress လေးတွေနဲ့က အလိုက်ဖက်ဆုံးပါပဲ။ Bodycon dress လေးတွေကို ဒေါက်အချွန်လေးတွေစီးပြီးတော့ပဲဖြစ်ဖြစ်၊ Sneakers လေးတွေစီးပြီးတော့ပဲဖြစ်ဖြစ်၊ Thick-soled Athletic Sandals လေးတွေစီးပြီးတော့ပဲဖြစ်ဖြစ် ဝတ်ရင် အရမ်းကိုချစ်ဖို့ကောင်းပြီး လိုက်ဖက်ပါတယ်နော်။
Short Dress
Short Dress ကိုမှ အရမ်းဘေးမကားတဲ့ ဂါဝန်အတိုလေးတွေဆိုရင် အရပ်ပုတဲ့ကောင်မလေးတွေနဲ့ အရမ်းကိုလိုက်ဖက်ပြီး ချစ်ဖို့ကောင်းပါတယ်။ အခုနောက်ပိုင်းမှာလည်း ဒီလိုဖက်ရှင်လေးက အရမ်းခေတ်စားနေတာကြောင့် Must Have ပါပဲနော်။
High-waist Pants
အရပ်ပုတဲ့ကောင်မလေးတွေက High-waist Pants လေးတွေကို Crop Top လေးတွေနဲ့ တွဲဝတ်လိုက်ရင် ပုံမှန်ထက် အရပ်ပိုရှည်သလို ဖြစ်သွားစေပါတယ်။ ရိုးရိုး Pants တွေထက်စာရင် High-waist Pants တွေနဲ့ ပိုပြီးတော့ လိုက်ဖက်ပါတယ်။
Bell Pants
Bell Pants လေးတွေက အရပ်ပုတဲ့သူတွေနဲ့ မလိုက်ဘူးလို့ တချို့ကပြောကြပေမယ့် ခန္ဓာကိုယ်ပြည့်တယ်၊ တင်ပြည့်တယ်ဆိုရင် လိုက်ပါတယ်နော်။ Bell Pants လေးတွေကို ဒေါက်အချွန်လေးတွေစီးပြီးသာဝတ်ရင် အရပ်လည်း ပိုရှည်သလို ဖြစ်သွားစေပါတယ်။
photo source: www.pinterest.com