ပျိုမေတို့အားလုံး မင်္ဂလာပါနော်။ မျက်နှာအသားအရေနဲ့ပတ်သက်လို့ ပျိုမေအများစုကြုံရတဲ့ ပြဿနာတွေထဲမှာ ချွေးပေါက်ကျယ်တာ၊ ဝက်ခြံ၊ အရေးအကြောင်းနဲ့ အမဲစက်ထွက်တာတွေ ပါဝင်ပါတယ်။ သင်ကိုယ်တိုင်လည်း ဒီလို Skin ပြဿနာတွေ ကြုံနေရတယ်ဆိုရင်တော့ ဒီဆောင်းပါးမှာပါတဲ့ သဘာဝပေါင်းတင်နည်းတွေက ပြန်လည်သက်သာဖို့ ကူညီပေးမှာပါ။

အသားအရေအတွက် သဘာဝနည်းလမ်းတွေနဲ့ ပေါင်းတင်ပေးတာက အကုန်အကျသက်သာသလို ဓာတုပစ္စည်းမပါလို့ ဘေးထွက်ဆိုးကျိုးလည်းနည်းပါတယ်။ ဒီတစ်ခေါက်မှာ အသားအရေပြဿနာအမျိုးမျိုးအတွက် ထိရောက်တဲ့ပေါင်းတင်နည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

အသားအရေနီမြန်း၊ ခြောက်သွေ့ခြင်းအတွက် ဌက်ပျောသီး Mask


အသားအရေအစိုဓာတ်ရပြီး ချောမွေ့စေမယ့် ပေါင်းတင်နည်းတစ်မျိုးဖြစ်ပြီး ဌက်ပျောသီးတစ်လုံး၊ ထောပတ်သီးနဲ့ သခွားသီးတို့သုံးပြီး လုပ်နိုင်ပါတယ်။ ထောပတ်သီးက အသားအရေတင်းရင်းစေပြီး သခွားသီးကတော့ အသားခြောက်တာ၊ နီမြန်းတာတွေကိုသက်သာစေမှာပါ။ ဒီပါဝင်ပစ္စည်းသုံးမျိုးကိုရောကာ အနှစ်ရအောင် ကြိတ်ပြီး မျက်နှာမှာလိမ်းကာ ၁၅ မိနစ်ခန့်ပေါင်းတင်ထားနိုင်ပါတယ်။

ချွေးပေါက်ကျယ်သူတွေအတွက် ကြက်ဥအကာ Mask


ချွေးပေါက်ကျယ်တာသက်သာဖို့ အရမ်းထိရောက်တဲ့နည်းလမ်းလေးပါ။ သူ့ကိုတော့ ကြက်ဥနှစ်လုံးခွဲကာ အကာသီးသန့်ယူပြီး မျက်နှာမှာ ခြောက်သွားတဲ့အထိ လိမ်းထားပေးရမှာပါ။ ချွေးပေါက်ကျယ်တဲ့နေရာတွေကို အသားပေးလိမ်းပါနော်။ မိနစ် ၂၀ လောက်ထားပြီး ရေနွေးလေးနဲ့ ဆေးချပေးရုံပါပဲ။

ဆဲလ်သေတွေဖယ်ရှားပေးမယ့် Oatmeal ၊ အုန်းနို့နဲ့ ပျားရည် Mask


ပျားရည်က ချွေးပေါက်အတွင်းပိုင်းထိ သန့်စင်ပြီး အစိုဓာတ်ရစေတာမို့ သဘာ၀ Toner လို့တောင် ပြောလို့ရပါတယ်။ ဒါ့အပြင် အုန်းနို့ကလည်း Skin ကိုနူးညံ့စေမှာပါ။ မျက်နှာပေါ်က ဆဲလ်သေတွေ ဖယ်ရှားဖို့ Oatmeal နဲ့ပေါင်းတင်ပေးတာက အရမ်းထိရောက်ပါတယ်။ ဒီပါဝင်ပစ္စည်းသုံးမျိုးကို နည်းနည်းစီရောပြီး သမအောင်မွှေကာ ရလာတဲ့အနှစ်ကို မျက်နှာပေါ်လိမ်းပေးပါ။ သူ့ကိုလည်း ၁၅ မိနစ်ထားပြီး စင်အောင်ပြန်ဆေးပေးရပါမယ်။

ချွေးပေါက်အတွင်းပိုင်းအထိ သန့်စင်စေမယ့် ခရမ်းချဉ်သီးနဲ့ ဒိန်ချဉ် Mask


ဒီနည်းကတော့ သင့်မျက်နှာမှာရှိတဲ့ ဆားဝက်ခြံနဲ့ ချွေးပေါက်ပိတ်တာတွေအတွက် အသုံးဝင်စေမှာပါ။ ခရမ်းချဉ်သီးကို ကြိတ်ကာ Organic ဖြစ်တဲ့ ဒိန်ချဉ် တစ်ဇွန်းနဲ့ ရောပေးရပါမယ်။ ခရမ်းချဉ်သီးက ချွေးပေါက်ပွင့်စေပြီး ဒိန်ချဉ်ကတော့ ချွေးပေါက်တွေကို သန့်စင်ပေးတာမို့ ချွေးပေါက်ပိတ်တာကြောင့် နောက်ဆက်တွဲ ဝက်ခြံထွက်တာတွေမဖြစ်အောင် ကာကွယ်ပြီးသားဖြစ်ပါလိမ့်မယ်။

အရေးအကြောင်းကင်းစေမယ့် သခွားသီးနဲ့ စပျစ်သီး Mask


အရွယ်မတိုင်ခင် ရုပ်ရင့်ခြင်းနဲ့ အရေးအကြောင်းအတွက်စိတ်မပူရအောင် ဒီနည်းလမ်းနဲ့ ပေါင်းတင်ပေးပါနော်။ သူ့အတွက် သခွားသီး၊ စပျစ်သီးနဲ့ နွားနို့တို့လိုအပ်ပြီး အရင်ဆုံး သခွားသီးကို ကြိတ်စက်မှာကြိတ်ပြီး စပျစ်သီး၊ နွားနို့တို့နဲ့ ပေါင်းကာ အနှစ်ကျဲကျဲရအောင် ထပ်ကြိတ်ပေးရပါမယ်။ ရလာတဲ့အနှစ်နဲ့ ၁၅ မိနစ်ပေါင်းတင်ပြီး ရေဆေးချနိုင်ပါတယ်နော်။ သူ့ရဲ့အာနိသင်ကြောင့် အရေးအကြောင်းပါးကာ မျက်နှာဖောင်းတာတွေကိုပါ သက်သာစေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar