Game ဆိုတဲ့ Entertainment ကို လူကြီး လူငယ်မရွေး စိတ်အပန်းဖြေဖို့အတွက် အချိန်တွေကုန်ဆုံးဖို့အတွက် ဆော့ကစားဖြစ်ကြပါတယ်။ ဂိမ်းတွေကတော့ မျိုးစုံပါပဲ။ အရင်ခေတ်တွေကတော့ ဂိမ််းဆော့ချင်ပြီဆိုရင် TV တို့ ကွန်ပျူတာတို့နဲ့ တွဲဆော့ မောင်နှမတွေ သူငယ်ချင်းတွေနဲ့ လုဆော့ရတာပေါ့နော်။ “ဟေ့ကောင် တစ်ကောင်သေရင် မင်းအလှည့်ပြီးပြီလေကွာ” “ဒီတစ်ကောင်သေမှလေကွာ” ဆိုပြီး ငြင်းခဲ့ကြရတာပေါ့။ အင်း အဲ့လို games တွေမဆော့ခဲ့ရဘူးဆိုရင်တောင် Monopoly လို board game မျိုးဆော့ပြီး မြေကွက်တွေ သိမ်းခဲ့ကြဖူးမှာပါ။ အင်း အဲ့ဒါတွေ ပြီးလာတော့ ဒီဘက်ခေတ် လက်ထဲမှာ ဖုန်းကိုယ်စီနဲ့ ဖြစ်လာတော့ကျ ဖုန်းဂိမ်းတွေက ပိုပြီး ခေတ်စားလာတာ အမှန်ပဲ။ PC Games တွေ ကြိုက်တဲ့သူတွေကလည်း သူ့အကြိုက်နဲ့သူပေါ့။ ဒါပေမဲ့ ဖုန်းဂိမ်းကျတော့ ဘတ်စ်ကား စောင့်နေတုန်းဖြစ်ဖြစ် ဘော်ဒါတွေ စုံလို့ပဲဖြစ်ဖြစ် အချိန်နည်းနည်းလေးရရင်တောင်မှ ဆော့လို့ အဆင်ပြေတယ်ဆိုတော့ လူကြိုက်များတာလည်း မဆန်းပါဘူး။

ဆောလို့ ကောင်းတဲ့ ဂိမ်းလေးတွေထဲကမှ MyID Game Feature မှာ ပါတဲ့ ဂိမ်းအကြောင်း ဒီနေ့ မိတ်ဆက်ပေးချင်ပါတယ်။ MyID Game Feature အသစ်မှာ ဘာဂိမ်းတွေပါလည်းဆိုတော့ Tennis Fun ၊ Pig Fighter ၊ Pig Ball ၊ Shooter နဲ့ Gold Miner ဆိုတဲ့ ဂိမ်းတွေပါပါတယ်။ အကုန်လုံးက လွယ်လွယ်ကူကူနဲ့ ဆော့လို့ရတယ်ဆိုတော့ ဘယ်လိုဆော့ရလဲဆိုတာ အထူးတလည် ရှင်းပြစရာလိုမယ်မထင်ပါဘူး။ MyID Game Feature ဆိုတဲ့အတိုင်း ဂိမ်းဆော့ဖို့အတွက် App အသစ်တစ်ခုကို သပ်သပ်သွားရှာ download လုပ်စရာမလိုပါပဲ MyID Application ထဲကနေပဲ Game ဆိုတဲ့ icon လေးကို နိုပ်ပြီး ဆော့လို့ရအောင် လုပ်ထားပေးပါတယ်။ MyID App ကို မဒေါင်းရသေးဘူးဆိုရင်တော့ ဒီလင့်လေးကနေတစ်ဆင့် bit.ly/MyIDApp ဝင်ဒေါင်းထားလို့ရပါတယ်။ ကဲ ဒါဆို မဒေါင်းရသေးရင် အရင် ဒေါင်းလိုက်ပါဦး။ တကယ်ရှင်းပြမှာက အခုမှလာမှာ။

ဘာလို့ဆော့လို့ကောင်းတာလို့မေးရင် ဂိမ်းကို ဖန်တီးထားတဲ့ ပုံကိုက စိတ်ဝင်စားဖို့ကောင်းတယ်လို့ ပြောရမယ်။ ဂိမ်းက စုစုပေါင်း ၅ မျိုးရှိမယ် အပေါ်မှာပြောခဲ့တဲ့ ငါးမျိုးပေါ့။ ဂိမ်းတစ်ပွဲဆော့ဖို့အတွက် ဝင်ကြေးလေးတော့ ပေးရမယ်။ Game City ထဲဝင်ခပေးရသလိုပေါ့ဗျာ။ တစ်ပွဲနိုင်ရင် ဝင်ကြေးအဖြစ် ကိုယ်ပေးလိုက်တဲ့ ဒင်္ဂါးတွေရယ် တစ်ဘက် ကစားသမားရဲ့ ဒင်္ဂါးကိုလည်း ရမယ့်အပြင် အဲ့ ဒင်္ဂါးနဲ့ ညီမျှတဲ့ အမှတ်ကိုလည်း ရမယ်။ အဲ့အမှတ်တွေနဲ့ ဘာပြန်ရမလဲဆိုတာကို အောက်မှာဆက်ရှင်းပြပေးမယ်။

ရှုံးရင်တော့ ဒီပွဲအတွက် ဝင်ကြေးတော့ ပါသွားမှာပေါ့ဗျာ။ ဒါကလည်း ဂိမ်းရဲ့အသက်ပဲလေ။ အကယ်၍ ဝင်ကြေးမပေးချင်ဘူးဆိုရင်တော့ ကြော်ငြာလေး ကြည့်ပြီး ဝင်ကြေးအခမဲ့နဲ့ ဝင်ဆော့လို့ရမယ်ဗျ။ ဒါပေမဲ့ တစ်ရက်ကိုတော့ ကြော်ငြာကြည့်ခွင့် ၅ ခေါက်ပဲ ခွင့်ပြုပေးထားပါတယ်။ တန်ပါတယ်ဗျ။ အနည်းဆုံးတော့ ဝင်ကြေးမပေးရတော့ဘူးပေါ့။

ဂိမ်း ၅ မျိုးကိုဆော့ဖို့ Player Vs Player, Tournament နဲ့ Championship ဆိုပြီး ဂိမ်း Mode သုံးမျိုးရှိပါမယ်။ ထုံးစံအတိုင်း ဂိမ်း Mode တွေပေါ်မူတည်ပြီး ရမယ့် ဒင်္ဂါးတွေ ရမှတ်တွေကလည်း ကွာသွားမှာပါ။ ပထမဆုံးတစ်ခု PvP Mode ကတော့ (1 Vs 1) တစ်ဖက်ကစားသမား တစ်ယောက်နဲ့ one by one ထိပ်တိုက် ကစားရမှာပါ။ ဂိမ်းထဲဝင်ပြီးသွားတာနဲ့ ဆော့မယ့်ဂိမ်းအမျိုးအစားကို ရွေး၊ ဝင်ကြေးဒင်္ဂါး ဘယ်လောက်လဲဆိုတာရွေး ပြီးရင် တစ်ဘက်က ပြိုင်ဘက်ကို နိုင်အောင်ဆော့ နိုင်ရင် ဒင်္ဂါးတွေသိမ်းပိုက်ရုံပဲ။ ဒါက PvP Mode ပေါ့နော်။

နောက်တစ်ခု Tournament Mode မှာကျတော့ ကစားသမား ၄ ယောက်လား ၈ ယောက်လား ၁၆ ယောက်လားဆိုပြီး အရင်ရွေးရမှာဖြစ်ပါတယ်။ ပြီးမှ ကိုယ် ဒင်္ဂါးဘယ်လောက် ပေးချင်လဲဆိုတာရွေး ပြီးမှ ဆော့မယ့် ဂိမ်းကိုရွေးရမှာပါ။ ဒီ Mode မှာကျ ဘာပိုသာသွားသလဲဆိုတော့ ကစားသမားများလာတဲ့အတွက် နိုင်ရင် ကိုယ်ပြန်ရမယ့် ဒင်္ဂါးအရေအတွက်လည်း များလာမှာပါ။ လူအများကြီးနဲ့ ယှဉ်ဖိုက်ရတာဆိုတော့လေ။

နောက်ဆုံးတစ်ခု Championship Leaderboard ဆိုတာကတော့ ဒီဂိမ်းဆော့ရမယ့်အကြောင်းအရင်းတစ်ခုပဲ။ ခုနက PvP ပဲဆော့ဆော့ Tournament ပဲဆော့ဆော့ နိုင်ရင် ဒင်္ဂါးရယ် အမှတ်တွေရလာပါရော။ အဲ့ဒီမှာ ရမှတ်အများရတဲ့ ထိပ်ဆုံး ၁၀ ယောက်က ဆုတွေရမှာဗျာ။ တစ်ပတ်ပြီးသွားတိုင်း အဆင့်သတ်မှတ်ချက်တွေကို အစကပြန်ရေတွက်ပေးနေတာဆိုတော့ အပတ်အမှတ်ပေးဇယားလို့တောင်ပြောလို့ရတယ်။ ဒီတစ်ပတ် သူများထက်မသာခဲ့ရင်တောင် နောက်တစ်ပတ်ကို ရှယ်ပြန်ဆော့လို့ရနိုင်မှာပါ။ ဘယ်သူတွေ အမှတ်အများဆုံးရနေပြီလဲ ဆိုတာသိချင်ရင်တော့ “ခေါင်းဆောင်ဘုတ်” ဆိုတဲ့ နေရာလေးကို နိုပ်ပြီး ကြည့်နိုင်ပါတယ်။ တစ်ပတ်ပြီးသွားလို့ အဆင့် ၁ ကနေ ၁၀ ထဲရောက်ခဲ့မယ်ဆိုရင် ဆုကြေးငွေကို MytelPay Emoney နဲ့ပေးမှာဖြစ်ပြီး MytelPay အကောင့် ဖွင့်ပေးဖို့လိုပါလိမ့်မယ်။ အရေးကြီးတဲ့ နောက်တစ်ခုက MytelPay အကောင့်ဖွင့်တဲ့ ဖုန်းနံပါတ်နဲ့ MyID အကောင့်ဖွင့်တဲ့ ဖုန်းနံပါတ်တူမှသာ ဆုကြေးငွေကိုရရှိမှာဆိုတော့ အကောင့်မဖွင့်ရသေးတဲ့သူတွေအနေနဲ့ တစ်ချက်ပြန်စစ်ကြည့်ဖို့ တိုက်တွန်းလိုပါတယ်။ အဆင့်သတ်မှတ်ချက်ပေါ်မူတည်ပြီးတော့ ရမယ့်ဆုကြေးကိုတော့ အောက်က ဇယားလေးမှာဖော်ပြပေးထားပါတယ်။

အဆင့်သတ်မှတ်ချက် ဆုကြေးငွေအရေအတွက် (ကျပ်ငွေ)

  • အဆင့် ၁ – ကျပ် ၁၅၀,၀၀၀
  • အဆင့် ၂ – ကျပ် ၇၅,၀၀၀
  • အဆင့် ၃-၅ – ကျပ် ၅၀,၀၀၀
  • အဆင့် ၆-၁၀ – ကျပ် ၂၅,၀၀၀

ဒီနေရာမှာ တစ်ခုလေးထပ် ဖြည့်ပြောချင်တာကတော့ တစ်ပွဲနိုင်ရင် ဒင်္ဂါးနဲ့ ရမှတ်တွေရမယ်ဆိုပေမဲ့ အကယ်၍ ရှုံးသွားခဲ့ရင်တော့ ဝင်ကြေးအဖြစ်ပေးလိုက်ရတဲ့ ဒင်္ဂါးကိုပဲ ဆုံးရှုံးသွားမှာဖြစ်ပြီး နိုင်ခဲ့တဲ့ပွဲတွေက ရခဲ့တဲ့ ရမှတ်ကတော့ ဒီတိုင်းရှိနေမှာပါ။

နောက်ပြီး တစ်ပွဲနိုင်တိုင်းနိုင်တိုင်းမှာ ကံစမ်းမဲလက်မှတ် (Golden Pot Ticket) ကိုလည်း ရရှိဦးမှာပါ။ လက်မှတ်စောင်ရေကတော့ ဘယ်လောက်ဆိုပြီးသတ်မှတ်ထားတာမျိုးပဲ ကျပန်းရမှာဖြစ်ပါတယ်။ အဲ့လက်မှတ်ကိုစုထားပြီး MyID App ကနေပြီး Golden Pot Lucky Draw ကို မဲဖောက်ပေးတဲ့အခါကျရင် ကိုယ့်လက်မှတ်နဲ့ ပေါက်မပေါက်ဝင်ကြည့်လို့ရပါသေးတယ်။ ဆုရမယ့် ပမာဏကတော့ ဒီဂိမ်းကို ဆော့နေကြတဲ့ ပွဲ အရေအတွက်ပေါ်မူတည်ပြီး တက်တက်လာတာဆိုတော့ ဆော့တဲ့သူပိုများရင် ဆုကြေးပိုများသွားမှာဖြစ်ပါတယ်။ ဒီအတွက် ဆုကြေးငွေကိုလည်း Championship Leaderboard ကလိုပဲ MytelPay Emoney ကနေပဲ ပေးအပ်သွားမှာဖြစ်ပါတယ်။

ဒီ Game Mode သုံးမျိုးအပြင် သူငယ်ချင်းတွေနဲ့လည်း ဆော့လို့ရမယ် Local Multiplayer ဆိုတာကိုနိုပ်ပြီး private room တစ်ခုထောင်မျိုး ဘော်ဒါတွေနဲ့ ဆော့လို့ရမှာပါ။ တစ်ပွဲကို တော့ ဒင်္ဂါး ၅ ခုကျသင့်ပါမယ်။

ဆိုတော့ ဒီဂိမ်းမှာ ဒင်္ဂါးတွေက အရေးတော့ကြီးတယ်ဗျ။ နောက်ပွဲတွေဆော့ဖို့အတွက် ဂိမ်းဒင်္ဂါး များများရှိလေပိုကောင်းလေလေပဲ။ အင်း ဆော့ရင်းနဲ့ လက်လွန်ပြီး ဒင်္ဂါး တွေကုန်သွားခဲ့ရင်လည်း အပေါ်ဆုံးက အပေါင်း လက္ခဏာကိုနိုပ်ပြီး ကိုယ့် ဖုန်းလက်ကျန်ငွေကိုသုံးပြီး ဒင်္ဂါးဝယ်လို့ရပါတယ်။ နိုင်ခဲ့တဲ့ ဒင်္ဂါးတွေကိုရော ဘာပြန်လုပ်လို့ရမလဲဆိုတော့ Mytel Data (ဒါမှမဟုတ်) Voice Min နဲ့ပြန်လဲလို့ရမှာဖြစ်တဲ့အတွက် တစ်ချက်ခုတ် သုံးချက်လောက်ပြတ် ဆိုသလိုပေါ့။ နောက်ပြီး ခုမှစဆော့မယ့်သူတွေအတွက် ကို ဒင်္ဂါး ၁၀၀ လက်ဆောင်ပေးထားဦးမှာဖြစ်ပြီး စစဆော့ချင်း ပထမဆုံးရက်ကို ဒင်္ဂါး ၆၀ ၊ ဒုတိယရက် နဲ့ တတိယရက်ကို ၂၀ ဆီပေးထားပါတယ်။

အချုပ်အားဖြင့်ဆိုရရင်တော့ မဆော့ကြည့်ရသေးရင် ဆော့ကြည့်ဖို့ တိုက်တွန်းလိုပါတယ်။ ဂိမ်းတစ်ခုဆော့ပြီး ဆု ၃ မျိုးလောက်ပြန်ရနိုင်မယ့် အခွင့်အရေးပဲလေ။ PvP ပဲဆော့မလား Tournament မှာ သွား fight မလား ဘော်ဒါတွေနဲ့ပဲ local ဆော့မလား Leaderboard မှာ အဆင့်အမြင့်ဆုံးရောက်အောင် ဆော့မလား Golden Pot Lucky Draw ဖောက်ရင်ရော သွားကံစမ်းမလား ဒင်္ဂါးတွေများလွန်းလို့ အင်တာနက် ဒေတာတွေနဲ့ ပြန်လဲမလား။ ဒီ ဂိမ်းထဲမှာတင်လုပ်စရာများများလွန်း စမ်းဆော့တာနဲ့တင် အချိန်ကုန်လို့ ကုန်လို့သွားမှန်းတောင် သိလိုက်မှာမဟုတ်ပါဘူး။ အားလုံးပဲ စမ်းဆော့ကြည့်ပြီး အတွေ့အကြုံလေးတွေ ဝေမျှသွားပါဦးလို့ အကြံပြုရင်း နိဂုံးချုပ်လိုက်ရပါတယ်။