လူ့စိတ်ဆိုတာ ပြောင်းလဲတတ်တယ်ပါတယ်။ ကိုယ့်အတွက် အသိပ်အသုံးမဝင်တော့ဘူးဆိုတဲ့အရာတွေကို လွှင့်ပစ်တတ်ကြပါတယ်။

ကိုယ့်ရဲ့ ချစ်သူက ကိုယ့်ကို အရင်လိုချစ်သေးရဲ့လားလို့တွေးမိလာတဲ့အချိန် ကိုယ်တို့နှစ်ယောက်ရှေ့ဆက်သွားလို့ အဆင်ပြေပါတော့မလားဆိုတဲ့ သံသယစိတ်တွေ ဖြစ်လာပါတယ်။ ဒီလို သံသယတွေဖြစ်လာတဲ့အခါ ချစ်သူနှစ်ဦး ရေရှည် လက်တွဲဖို့ မဖြစ်နိုင်နိုင်တော့ပါဘူး။ ဖြစ်လာပြီဆိုရင်လည်း အရင်ညှိယူပြီးတော့မှ လမ်းခွဲသင့်မခွဲသင့် ဆုံးဖြတ်စေချင်ပါတယ်။ တစ်ဖက်က ကိုယ့်အပေါ် အရင်လို မချစ်တော့ဘူးဆိုတာကို ဘယ်လိုသိနိုင်မလဲဆိုတော့။

သင့်အပေါ် အာရုံတွေ ပျောက်ဆုံးနေခြင်း

ကိုယ်က သူ့ကိုစကားပြောဖို့ ကြိုးစားနေပေမဲ့ သူ့ရဲ့ စိတ်တွေ အာရုံတွေက ကိုယ့်ပေါ်မှာမရှိဘူး။ ကိုယ့်ပြောတဲ့စကားအပေါ် တလေးတစား ဂရုစိုက်နားထောင်တာမျိုးမရှိတော့ပါဘူး။

အချိန်ကြာကြီး စကားစတွေ ပြတ်သွားခြင်း (သို့) တိတ်ဆိတ်သွားခြင်း

ချစ်သူနှစ်ယောက်တွေ့တဲ့အခါ ဘယ်လောက်လွှမ်းကြောင်း ဘယ်လောက်ချစ်ကြောင်း တခြားအကြောင်းအရာတွေ ပြောမကုန်တာ အများကြီးပါ။ ဒါပေမဲ့ သင်တို့ ချစ်သူနှစ်ဦး တစ်ယောက်ကို တစ်ယောက်တွေ့တဲ့အခါ တီတီတာတာ ပြောစရာစကားမရှိဘဲ တိတ်ဆိတ်နေပြီလား။ ဒါဆိုရင် သူကိုယ်တိုင်ရော ကိုယ်ကိုယ်တိုင်ရော အရင်လိုချစ်သေးလားဆိုတဲ့ သံသယစိတ်တွေ ဝင်လာပါပြီ။

သင့်အပေါ် ကြင်ကြင်နာနာမရှိတော့ဘူး

သင့်နားကပ်ဖို့ စိတ်မဝင်စားတော့ဘူး။ သင့်ကို ထိတွေ့ နမ်းရှိုက်ဖို့ သူစိတ်မဝင်စားတော့ဘူးဆိုရင် သူသင့်ကို မချစ်တော့ဘူးလို့ ပြောလိုက်တာပါပဲ။

သင်ဘာပြောပြော သင့်အပေါ် ကန့်လန့်တိုက်နေမယ်

အရင်က သင့်ဆန္ဒတွေကို လိုက်လျောခဲ့သမျှ အခုတော့ သင်ဘာပြောပြော သဘောမတူဘူးချည်း ကန့်လန့်တိုက်နေမှာပါ။ သင့်ရွေးချယ်မှုတွေ ဆုံးဖြတ်ချက်တွေကိုလည်း ထောက်ခံတာမျိုး မရှိတော့ဘူး။ ဒါဆိုရင်တော့ သူ သင့်ကို လုံးဝငြီးငွေ့နေပြီဆိုတာ သေချာပါတယ်။

သင့်ကို အချိန်ယူ ရှင်းမပြတော့ဘူး

တစ်ခုခု သံသယရှိလို့ မေးလိုက်တဲ့အခါ မမေးနဲ့ကွာ မဖြေချင်ဘူး။ ဒါမှမဟုတ် အရမ်းစကားများတာပဲ ဆိုပြီး သင်မေးတဲ့မေးခွန်းတွေကို စိတ်ရှည်ရှည် ရှင်းပြမနေတော့ဘူး။ ရိုးရိုးမေးခွန်းတွေကိုတောင် စိတ်ရှည်ရှည် မဖြေချင်တော့ဘူးဆိုရင် သူသင့်ကို စိတ်ကုန်နေပါပြီ။

လေးစားမှုတွေ ပျောက်သွားပြီ

သင့်အပေါ်မှာ အရင်ကရှိခဲ့တဲ့ လေးစားမှုတွေ မရှိတော့ဘဲ သူငယ်ချင်းတွေရှေ့မှာဆိုရင်လည်း အော်ငေါက်နေတာမျိုး လုပ်တတ်လာတယ်။ သင်နဲ့ အချိန်မရွေး ရန်ဖြစ်စကားများဖို့ သင့်ကို လူကြားထဲမှာ အော်ဖို့ ဝန်မလေးတော့ပါဘူူူး။ သင့်ကိုလည်း ဂရုမစိုက်တော့ဘဲ သူလုပ်ချင်တာ လုပ်နေမှာပါ။ ဒါဆို သင့်ကို သူ လုံး၀ စိတ်မဝင်စားတော့ဘူးဆိုတာ သေချာသလောာက်ရှိနေပါပြီ။

သူ့ရဲ့ အစီစဉ်တွေမှာလည်း သင်မပါဝင်တော့ဘူး

သူ့ရဲ့ အနာဂတ်အစီစဉ်မှာ သင်မပါဝင်တော့ဘူးဆိုရင် သူသင့်ကို သူ့ဘဝကနေ ထုတ်ပယ်လိုက်ပါပြီ။

သင့်ကိုအမြဲတမ်း အပြစ်တင်တယ်

တစ်ခုခုမှားသွားပြီဆိုရင် မင်းကြောင့် ဆိုပြီး လက်ညိုးထိုး အပြစ်တင်တတ်လာပြီဆိုရင် သူသင့်ကို မယုံတော့ဘူးဆိုတာ သေချာနေပါပြီ။ ဒါဆို သင်ဘာဆက်ပြောမလဲ။