အမြင်မှာ ရိုးရှင်းနေပေမယ့် Luxury ဆန်ဆန် လှနေတဲ့ လက်သည်းဒီဇိုင်းတချို့ကို ဝေမျှပေးချင်ပါတယ်။ ရိုးရိုးရှင်းရှင်းလေးတွေကို သဘောကျတယ်ရင် ဒီလက်သည်းပုံစံလေးတွေ စမ်းကြည့်ပါ။

အရောင်နုလေးကိုမှ ပုလဲပါတာလေးက မြင်ရတာရှင်းရှင်းလေးနဲ့ လှပါတယ်။

ဒီလို ကြေးဥစိမ်းရောင် တောက်တောက်လေးကတော့ လုံးဝကိုအမိုက်စားပါပဲ။

ရိုးရိုးရှင်းရှင်းလှနေတဲ့ လက်သည်းဒီဇိုင်းလို့ပြောရင် ချန်ခဲ့လို့မရတာတာကတော့ လက်သည်းအကြည်ဆိုးထားပြီး ထိပ်နားကို အဖြူနဲ့ကွတ်တဲ့ ဒီဇိုင်းပါ။

ဒါမှမဟုတ် ကြိုက်တဲ့အရောင်လေးတွေနဲ့ လက်သည်းအနားသတ်နားလေးတင် ဆိုးရင်လည်း လက်ကလေးကပိုသန့်ပြီး ကြည့်ကောင်းပါတယ်။

ကျားသစ်ကွက်လို အညိုအမဲရောထားတဲ့ လက်သည်းဒီဇိုင်းကလည်း လူငယ်တွေအကြိုက်တွေ့မယ့် ပုံစံပါ။

ပန်းရောင်အကြည်နုနုလေးဆိုးထားရင် လက်ကလေးက ရှင်းပြီး သန့်နေရောပါ။

ကြက်ပေါက်လေးလို အဝါနုနုလေးကလည်း သန့်သန့်လေးနဲ့ လှနေပါတယ်။

အဖြူရောင်ကို အများစုကရှောင်ကြပေမယ့် ဒီလိုလေးဆိုးကြည့်ပါ။ မထင်ထားလောက်အောင် လှနေပါတယ်။