သဘာဝအတိုင်း ပန်းသွေးရောင်သန်းတဲ့နှုတ်ခမ်းမျိုး အမျိုးသမီးတိုင်း လိုချင်တပ်မက်ကြတဲ့အရာပါ။ အမျိုးသမီးတို့ရဲ့ အလှအပဆိုင်ရာမှာ ပန်းသွေးရောင်သန်းတဲ့ နှုတ်ခမ်းသားလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

ပန်းသွေးရောင်သန်းတဲ့နှုတ်ခမ်းသားလေးကို ပိုင်ဆိုင်နိုင်ဖို့ MyStyle Myanmar က နည်းလမ်းကောင်းတစ်ခုကို မျှဝေပေးမယ်ဆိုရင် စာဖတ်သူတို့လည်း သဘောကျနှစ်ခြိုက်မယ်မျှော်လင့်ပါတယ်။

အဲဒီအတွက် အဆင့် ၃ ဆင့်လုပ်ပေးရပါမယ်။

ပထမဦးဆုံး နှုတ်ခမ်းသားပေါ်က အမည်းရောင်အလွှာကို ဖယ်ရှားရပါမယ်။

အုန်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

ဆား စားပွဲတင်ဇွန်း ၁ ဇွန်း လိုပါမယ်။

ပါဝင်ပစ္စည်းနှစ်မျိုးကိုရောပြီး သေချာမွှေပေးပါ။ ပြီးရင် ဝါဂွမ်းစစွတ်ပြီး နှုတ်ခမ်းပေါ်မှာ လိမ်းပေးပါ။ ပြီးရင် လက်ချောင်းနဲ့ စက္ကန့် ၆၀ လောက်ပွတ်ပေးပါ။ အချိန်ခဏလေးအတွင်းမှာပဲ နှုတ်ခမ်းသားက နူးညံ့ပြီး ချောမွတ်လာမှာပါ။ ပြီးရင် အဝတ်စကို ရေစွတ်ပြီး နှုတ်ခမ်းကို သုတ်ချလိုက်ပါ။

ဒုတိယအဆင့်ကတော့ အိမ်မှာလုပ်မဲ့ နှုတ်ခမ်းနီပါပဲ။ နေ့စဉ် ၃ ကြိမ် (သို့) ၄ ကြိမ်လောက်လိမ်းပေးရမှာပါ။

ပျားရည် စားပွဲတင်ဇွန်း ၃/၄ ၊ သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း၊ အုန်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း လိုပါမယ်။

Honey

ပါဝင်ပစ္စည်းတွေကိုရောပြီး သေချာမွှေပေးပါ။ ပြီးရင် အဖုံးပါတဲ့ ပုလင်းအသေးတစ်လုံး (သို့) ခွက်တစ်လုံးထဲထည့်ထားပါ။ နှုတ်ခမ်းသားခြောက်သွေ့လာပြီလို့ထင်တဲ့အခါမှာ နှုတ်ခမ်းပေါ်မှာလိမ်းပေးပါ။ ဘယ်အချိန်သုံးပေးပေးအဆင်ပြေပါတယ်။

တတိယအဆင့်တော့ ညဖက်မှာလိမ်းပေးရမယ့်သဘာဝနှုတ်ခမ်းနီပါ။ ဗီတာမင် E တောင့် ၁ လုံးထဲက အဆီကို ယူပါ။ ပြီးရင် နှုတ်ခမ်းပေါ်မှာလိမ်းပေးပြီး အိပ်ပေးရမှာဖြစ်ပါတယ်။

သဘာဝအတိုင်းပန်းသွေးရောင်သန်းတဲ့ နှုတ်ခမ်းသားလေးကို ရရှိပိုင်ဆိုင်နိုင်ကြပါစေရှင်။