ကိုယ်ပိုင်အခန်းတစ်ခန်း ပိုင်ဆိုင်ထားသူတွေက အလွန်ကံကောင်းသူတွေပါပဲ။ ဘာလို့လဲဆိုတော့ ကိုယ့်အခန်းကို ကိုယ်ကြိုက်သလို အလှဆင်နိုင်လို့ပါပဲ။ သင့်အခန်းမှာ သင်လုပ်ချင်တာ လုပ်နိုင်ပါတယ်။ သင့်အခန်းက သင့်ရဲ့ လွတ်လပ်ခွင့်ပါပဲ။ သင့်ရဲ့ အမူအကျင့်၊ ခံယူချက်၊ စိတ်ကူးတွေ အကုန်လုံးက သင့်အခန်းအပြင်အဆင်ပေါ် မူတည်သွားတတ်ပါတယ်။

စိတ်ထားနူးညံ့တဲ့သူရဲ့ အခန်းပုံစံနဲ့ စိတ်ဓာတ်မာကြောသူတွေရဲ့ အခန်းပုံစံက မတူနိုင်ပါဘူး။ ကိုယ့်အခန်းကို ကိုယ်ရူးသွပ်တဲ့အရာတွေနဲ့ အလှဆင်နိုင်ပါတယ်။ အခန်းအပြင်အဆင် က တစ်ဆင့် ကိုယ့်အကြောင်းကို ပြောပြနိုင်ပါတယ်။ ကိုယ်ဘာကို ဝါသနာပါလဲ၊ ဘာကို စိတ်ဝင်စားလဲ သိနိုင်ပါတယ်။ ဒါ့အပြင် စိတ်ရှည်တဲ့သူလား၊ စည်းကမ်းရှိရှိနေတတ်သူလား ဆိုတာကိုလည်း အခန်းပုံစံကတစ်ဆင့် သိနိုင်ပါတယ်။

ဒီတစ်ခေါက်မှာတော့ သင့်ပုံစံကို ဖော်ညွှန်းပေးနိုင်မယ့် အခန်းပုံစံတွေကို ဖော်ပြပါရစေ။ ဒီထဲမှာ သင်အကြိုက်ဆုံး အခန်းပုံစံက သင့်စတိုင်ပါပဲ။ အခန်းပုံစံတွေထဲကမှ အခန်းသေးသေးလေးတွေအတွက် ဦးစားပေး ဖော်ပြလိုက်ပါတယ်။

အပင်ပုံစံ၊ ဓာတ်ပုံလေးတွေ ချိတ်ထားချင်သူတွေအတွက်


ပန်းရောင် ကြိုက်နှစ်သက်သူတွေအတွက်

Hello Kitty Crazy တွေအတွက်

Idol ပုံတွေနဲ့ ရူးသွပ်မှုကို ပြသချင်သူတွေအတွက်

Minimalist ရှင်းရှင်းလေး ကြိုက်သူတွေအတွက်

အလင်းရောင်ကို ဦးစားပေးချင်သူတွေအတွက်

သင်လိုချင်တဲ့ အခန်းပုံစံက ဘယ်လိုမျိုးလဲ ပြောပြခဲ့ပါဦး။

Photo Source: Pinterest

By MyStyle Myanmar