ဆံပင်ကို ပုံစံအဆန်းလေးတွေ ဖန်တီးပြီး စည်းတာက ဓာတ်ပုံရိုက်တဲ့အချိန် သင့်ပုံစံကို ထူးထူးခြားခြား လေး ဖြစ်စေပါတယ်။ ဒါ့အပြင် လူကြားထဲ ရောက်တဲ့အခါလည်း သင့်ပုံစံက ပိုလှနေမှာပါ။ တခြားနိုင်ငံက အာရှသူအများစုက ဆံပင်အနက်ပေါ်မှာ ရောင်စုံကလစ်လေးတွေနဲ့ အလှဆင်တတ်ပါတယ်။ ဒီလိုအလှဆင်လိုက်တဲ့အခါ ပိုချစ်စရာကောင်းစေပြီး ဆံပင်ဒီအတိုင်း ချထားသူတွေနဲ့ မတူဘဲ ကွဲထွက်နေတတ်ပါတယ်။ ဒီတော့ ရိုးရှင်းတဲ့ ဆံနွယ်ပေါ်မှာဘယ်လိုစည်းနိုင်မလဲ အိုင်ဒီယာတွေကို ကြည့်လိုက်ရအောင်နော်-

ကျစ်ဆံမြီးနှစ်ဘက် ကျစ်ကာ ကလစ် အပြာ၊ ပန်းရောင် နဲ့ ခရမ်းတို့ကို စိတ်ကူးကောင်းကောင်းလေးနဲ့ အလှဆင်ထားတာ

ကလစ်ကိုမှ လိပ်ပြာပုံစံလေးနဲ့ ပုံဖော်တာ

ပုလဲသေးသေးလေးတွေနဲ့ ကျက်သရေရှိရှိ အလှဆင်တာ

ပန်းရောင်ကလစ်လေးတွေနဲ့ ခပ်မိုက်မိုက် ပုံစံလေး

လှိုင်းတွန့်ကောက်လေးနဲ့ ယိုးဒယား သားရေကွင်း အရောင်စုံ

ကြိုးအဖြူလေး သုံးပြီး ဆံပင်နဲ့ ရောချည်တာ

ဖဲပြားသေးသေးလေးတွေနဲ့

အင်္ကျီနဲ့ ဆင်တူတဲ့ ခေါင်းစည်းကြိုး အရောင်နဲ့ ဆံထုံးထုံးကာ ကလစ်လေးနဲ့

ရိုးရိုးရှင်းရှင်း ဖဲပြားအဖြူနဲ့

နားဆွဲလေးနဲ့ ခရမ်းရောင် Vibe

သင်ကြိုက်တဲ့ ပုံစံလေးက ဘယ်ပုံစံဖြစ်မလဲ ပြောပြခဲ့ပါဦး။

Photo Source: Pinterest

By MyStyle Myanmar