မျက်နှာသေးသေးလေးနဲ့ ချစ်စရာကောင်းတဲ့ Aespa အဖွဲ့ဝင် Winter ကိုတော့ Kpop ချစ်သူတော်တော်များများ သိပြီးသားဖြစ်မှာပါနော်။ လက်ရှိမှာ Aespa အဖွဲ့အပြင် နာမည်ကြီးမိန်းကလေး Idolတွေ ပေါင်းစပ်ထားတဲ့ Girls On Top (GOT The Beat) အဖွဲ့ရဲ့ အငယ်ဆုံးအဖွဲ့ဝင်တစ်ယောက်အနေနဲ့လည်း ပါဝင်ထားသူလေးဖြစ်ပါတယ်။


ကိုးရီးယားနာမည် Kim Min Jeong ဖြစ်ပြီး ၂၀၀၁ ခုနှစ်မှာမွေးခဲ့တာမို့ အသက် ၂၂ နှစ်ရှိပါပြီ။ သူမဟာ မျက်လုံးဝိုင်းဝိုင်း မျက်နှာသေးသေးနဲ့ ကလေးလေးလို အပြစ်ကင်းတဲ့ပုံစံလေးကြောင့် ပရိသတ်တွေကြား လူသိများပါတယ်။ Idol တစ်ယောက်ဖြစ်တာမို့ ဆံပင်စတိုင်အမျိုးမျိုးပြောင်းလေ့ရှိသလို သူမထားတတ်တဲ့ ဆံပင်ပုံလေးတွေက သူမလို မျက်နှာပေါက်သေးတဲ့လူငယ်မိန်းကလေးတွေအတွက် အကြိုက်တွေ့စေမှာပါ။ ဒီတော့ ပျိုမေတို့အိုင်ဒီယာယူနိုင်ဖို့ Winter ရဲ့အရမ်းလှတဲ့ ဆံပင်စတိုင်နဲ့ ကာလာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

မျက်နှာသေးတဲ့သူတွေက ဆံပင်တိုနဲ့အရမ်းလိုက်ပါတယ်။ အရောင်မဆိုးထားတဲ့သူတွေအနေနဲ့ Winter လို ဆံပင်တိုကိုမှ Bang ချထားတဲ့ပုံစံလေး ထားကြည့်ပါ။ ကလေးဆန်ပြီး ချစ်စရာကောင်းစေမှာပါ။


သူမရဲ့ ဆံပင်တိုကို Highight ထည့်ထားတဲ့စတိုင်လေးကလည်း ထွေထွေထူးထူးပြင်စရာမလိုဘဲ ဒီတိုင်းချထားရင်တောင် ကြည့်လို့ကောင်းပါတယ်။


ဆံပင်တိုကိုမှ Winter လို Blonde ကာလာလေးဆိုးကြည့်ပါ။ အသားဆောင်ပြီး အများကြားမှာ ထင်းထွက်နေတဲ့ ချစ်စရာ Look လေးရစေပါလိမ့်မယ်။


ကျစ်ဆံမြီးကျစ်တာ၊ ဆံထုံးအသေးလေးတွေထုံးတာက ချမထားချင်တဲ့သူတွေအတွက် မျက်နှာလေးရှင်းပြီး ချစ်စရာကောင်းစေပါတယ်။ ပုံထဲကလို စည်းနည်းလေးတွေ Try ကြည့်ပါ။

ဆံပင်ရှည်ထားမယ်ဆိုရင် နှစ်ရောင်စပ်လေးတွေ၊ ကာလာတောက်တောက်လေးတွေ ဆိုးကြည့်ပါနော်။ အသားလေးလင်းနေအောင် သူမလို အရောင်ဆန်းဆန်းလေးတွေ ဆိုးကြည့်နိုင်ပါတယ်။


ဆံပင်ရှည်ကိုမှ လှိုင်းကောက်လေးတွေ ကျစ်ဆံမြီးလေးတွေနဲ့ Hairstyle တွေကလည်း Winter ထားတတ်တဲ့ပုံစံလေးတွေဖြစ်ပြီး လူငယ်ကောင်မလေးတွေနဲ့လိုက်ဖက်စေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar