ကိုယ် Crush နေတဲ့သူရဲ့အာရုံစိုက်မှုကို အရယူဖို့ ကြိုးစားပေမယ့် ကြိုးစားမှုက အရာမထင်လို့ စိတ်ညစ်နေပါသလား။ ကိုယ့်ဆီမှာများ သူ မကြိုက်တဲ့အရာတစ်ခုခု ရှိနေလို့များလားဆိုပြီး စိတ်မလုံမလဲဖြစ်နေပါသလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းများကို အသုံးပြုနိုင်ပါတယ်။

သူ လိုအပ်ရင် အမြဲတမ်း အဆင်သင့်ရှိမနေပါနဲ့

သင်တို့နှစ်ယောက်က ချစ်သူသမီးရည်းစားတွေ မဟုတ်သေးပါဘူး။ ဒါ့ကြောင့် သူ့အတွက် အမြဲတမ်း အဆင်သင့်ရှိမနေပါနဲ့။ သူ့ကို သင့်ရဲ့ဖြစ်တည်မှုသည်လည်း ဘယ်လောက်ထိအရေးပါကြောင်း သိရှိပါစေ။

သူ့ကိုလည်း သင့်ကို လွမ်းတတ်အောင် သင်ပေးရပါမယ်။ ဒါမှ သင့်ကို သူ အလေးထားလာမှာဖြစ်ပါတယ်။ လွယ်လွယ်လေးရနေတဲ့အရာတွေဆို လူသားတွေက တန်ဖိုးသိပ်မထားတတ်ပါဘူး။

သူ့ရဲ့သူငယ်ချင်းတွေနဲ့ မိတ်ဆွေဖွဲ့ပါ

ဒီအချက်သည်လည်း သူ့ရဲ့နှလုံးသားကို အရယူနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ တကယ်လို့ သူ့ရဲ့သူငယ်ချင်းတွေက သင့်ကို မနှစ်သက်ဘူးဆိုရင် သင်တို့နှ်ယောက်ရဲ့အချစ်ရေးကလည်း အဆင်ပြေမှာမဟုတ်ပါဘူး။ သူ့ရဲ့သူငယ်ချင်းများသည်လည်း အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုမှာ ပါဝင်ပါတယ်။

သူ့ကို အနှောင့်အယှက်မပေးပါနဲ့

မက်ဆေ့ချ်တစ်စောင်ပို့ထားလို့ ပြန်စာမလာသေးတဲ့အခါ မက်ဆေ့ချ်တွေ တစ်စောင်ပြီးတစ်စောင် ထပ်မပို့ပါနဲ့။ ထိုကဲ့သို့ ပြုမူမိတဲ့အခါ အလွန်အမင်းတွယ်ကပ်လွန်းတယ်လို့ ယူဆပြီး သင့်ထံမှ တဖြည်းဖြည်း ရှောင်ပြေးသွားပါလိမ့်မယ်။

သူ စာမပြန်တာက အလုပ်ရှုပ်နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သည်းခံပြီး စောင့်ဆိုင်းကြည့်လိုက်ပါ။

သူ့ကို လေးလေးစားစားဆက်ဆံပါ

သူ့ရဲ့ကိုယ်ပိုင်ဘဝ၊ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို လေးစားပါ။ သူက သင့်ကို ဖွင့်မပြောပြချင်တဲ့အရာတွေ ရှိနေတဲ့အခါမှာလည်း အတင်းလိုက်မေးဖို့ မကြိုးစားပါနဲ့။

အလုပ်များနေအောင် ပြသပါ

သင် အလုပ်များနေတာကြောင့် သူ့ရဲ့မက်ဆေ့ချ်ကို စာမပြန်နိုင်တဲ့အခါ သူက သင် ဘာများဖြစ်နေသလဲ။ ဘာ့ကြောင့် သူ့စာကို မပြန်သလဲ။ အလုပ်များနေတာလား။ ဒါမှမဟုတ် သူ့ကို လျစ်လျူရှုနေတာလား စတဲ့ အတွေးပေါင်းများစွာဖြင့် အတွေးနယ်ချဲ့နေပါလိမ့်မယ်။

ဒါဆိုရင် သင့်ကို သူ စိတ်ဝင်စားနေကြောင်း ပြသနေတာပါ။ သို့ပေမယ့် သင်က တမင်စာမပြန်တာမျိုးတော့ မလုပ်ပါနဲ့။ သူ သိသွားတဲ့အခါ သင့်ကို စိတ်ပျက်သွားနိုင်ပါတယ်။