ဟယ်လို MyStyle Myanmar က စာဖတ်ချစ်သူတို့ရေ။ တိရိစ္ဆာန်လေးတွေဆိုရင် မချစ်တဲ့သူဆိုတာ ဒီကမ္ဘာမှာ ရှာမှရှားလှပါတယ်နော်။ ခွေး၊ ကြောင်၊ ငှက်၊ ယုန်၊ ကြွက်၊ ပူး စသဖြင့် အိမ်မွေးတိရိစ္ဆာန်လေးတွေကို မြင်လိုက်တာနဲ့ ထွေးပွေ့ချင်တာ၊ အတူတူဆော့ကစားချင်စိတ်ကလည်း အလိုလို ပေါ်လာတတ်ပါတယ်။

တစ်နေ့တာမှာ ဘယ်လောက်ပဲပင်ပန်းလွန်းလှပြီး စိတ်ညစ်စရာတွေရှိနေရင်တောင် သူတို့လေးတွေကို မြင်လိုက်ရင် စိတ်သက်သာရာရစေပါတယ်။ အခုတစ်ခါမှာတော့ စာဖတ်သူတို့ကို စိတ်ပျော်စေချင်လို့ အပြုံးမျက်နှာလေးတွေနဲ့ ချစ်စရာအင်မတန်ကောင်းနေတဲ့ ခွေးလေးတွေပုံကို ရွေးနုတ်ဖော်ပြပေးချင်ပါတယ်။

သူတို့လုပ်တတ်တဲ့ ချစ်စရာ မျက်နှာအမူအယာလေးတွေကြောင့် သင့်ရဲ့စိတ်ညစ်စရာတွေကို ခဏလောက်မေ့ပျောက်သွားစေဖို့ ကူညီပေးမှာသေချာပါတယ်။

Image Source: Pinterest