အခုခေတ်ကောင်မလေးတွေကို ဘာအရုပ်လေးကြိုက်လဲလို့သွားမေးလိုက်ရင် ချစ်စရာကောင်းတဲ့ တိရိစ္ဆာန်တစ်ကောင်ကောင်ဖြစ်တဲ့ အရုပ်လေးတွေလို့ပဲ ပြောကြမှာပါ။

လတ်တလောမှာဆို Stitch, Hello Kitty, Unicorn, Minion စတဲ့ ကာတွန်းလေးတွေကို ကြိုက်တာထက် အဖြူအမည်း ပန်ဒါဝဝလေးတွေကို ပိုပြီးချစ်တဲ့သူအတွက် လှပဆန်းသစ်တဲ့ ပန်ဒါလက်သည်းဒီဇိုင်းလေးတွေကို ရွေးချယ်ပေးချင်ပါတယ်။

ပန်ဒါလေးတွေတော့ချစ်ပေမယ့် လက်သည်းပုံဖော်ဖို့ ပန်ဒါကိုမှ ဘယ်လိုပုံစံ ဒီဇိုင်းလေးတွေ ပုံဖော်ရမလဲဆိုတာကို စဉ်းစားရခက်နေရင်တော့ ဒီပုံလေးတွေ အများကြီးထဲကမှ ကိုယ်ကြိုက်တဲ့ပုံကိုရွေးပြီး ဆိုင်မှာပုံဖော်ခိုင်းလို့ရတာပေါ့။

Source: lookslikecandy.com