လက်သည်းပုံဖော်ရတာ ဝါသနာပါတဲ့ လူငယ်ကောင်မလေးတွေအတွက် ဒီတစ်ခါမှာတော့ ချစ်ဖို့ကောင်းတဲ့ အရုပ်ပုံ လက်သည်းဒီဇိုင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။ လက်သည်းအတိုနဲ့ပဲဖြစ်ဖြစ်၊ အရှည်နဲ့ပဲဖြစ်ဖြစ် လိုက်ဖက်တဲ့ ဒီဇိုင်းလေးတွေလည်း ဖြစ်ပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် ဝက်ဝံပုံလေးကို အဖြူနဲ့အနက်ရောပြီး ပုံဖော်ထားတာဖြစ်လို့ ဘယ်တော့မှရိုးမသွားပဲ ချစ်ဖို့ကောင်းနေမှာပါ။

Couple လေးတွေအမြဲသုံးလေ့ရှိတဲ့ ဒီပုံလေးတွေကလည်း အရမ်းချစ်ဖို့ကောင်းပါတယ်။ လက်သည်းမှာပုံဖော်လိုက်တော့ ပိုတောင်ချစ်ဖို့ကောင်းသွားပါသေးတယ်။ လက်သည်းခွံနည်းနည်းကြီးရင် ပုံဖော်လို့ရပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် ရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။ အရောင်ကအစ အသားဆောင်ပြီး ငြိမ်နေတဲ့အရောင်လေးတွေပါ။

ဘိုဆန်တဲ့အရောင်လေးတွေနဲ့ ပုံဖော်ထားတဲ့ ဒီဇိုင်းလေးက လူငယ်ကောင်မလေးတွေ အကြိုက်တွေ့မယ့် ဒီဇိုင်းအဆန်းလေးပါ။ Bubble Tea ပုံလေးတောင် ပါပါသေးတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် အရုပ်ပုံသေးသေးလေးတွေ ပုံဖော်ထားတာဖြစ်လို့ ပိုပြီးချစ်ဖို့ကောင်းပါတယ်။ လက်သည်းခွံသေးလည်း ပုံဖော်လို့ရတဲ့ ဒီဇိုင်းလေးပါ။

ကျားပုံလေးကို ချစ်စရာကောင်းအောင် ပုံဖော်ထားတဲ့ ဒီလက်သည်းဒီဇိုင်းလေးကတော့ မြင်နေကျပုံစံတွေနဲ့ မတူတာကြောင့် ပုံဖော်ကြည့်သင့်ပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးကတော့ လက်သည်းရှည်ရင် ပိုပြီးပုံဖော်လို့ကောင်းပါတယ်။

Snoopy Fan လေးတွေ ပုံဖော်ကြည့်သင့်တဲ့ လက်သည်းဒီဇိုင်းလေးပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။

အနီအကွက်လေးမှာမှာ ချစ်ဖို့ကောင်းအောင် ပုံဖော်ထားတဲ့ ဒီလက်သည်းဒီဇိုင်းလေးကတော့ လက်သည်းအရှည်မထားတဲ့ ကောင်မလေးတွေနဲ့ အရမ်းလိုက်ဖက်ပါတယ်။

Pooch ချစ်တဲ့ကောင်မလေးတွေအတွက် နောက်ထပ် ချစ်ဖို့ကောင်းတဲ့ လက်သည်းဒီဇိုင်းလေးပါ။ လက်သည်းအရှည်မထားလည်း ပုံဖော်လို့ရတဲ့ ဒီဇိုင်းလေးလည်း ဖြစ်ပါတယ်။

Photo source:www.pinterest.com