ကောင်လေးက ကိုယ့်ကိုသဲသဲလှုပ်ချစ်တာကို ကောင်မလေးတိုင်းကလိုချင်မှာပါ။ ဒီလိုအချစ်ခံရဖို့ဆို အရင်ဆုံး သင့်ဘက်ကနေစပြီး ချစ်စဖွယ်အမူအကျင့်လေးတွေနဲ့ သူ့နှလုံးသားကို အရည်ပျော်အောင် အရင်လုပ်လိုက်ပါ။ ဒီလိုရိုမန်တစ်ဆန်တဲ့ အမူအကျင့်လေးတွေကို မကြိုက်တဲ့သူဆိုတာမရှိပါဘူး။ ဒီလို ချစ်စရာအမူအကျင့်လေးတွေနဲ့ သင့်ချစ်သူကို ချစ်ကြောင်းပြသဖို့ အခွင့်အရေးကို ဘယ်တော့မှ လက်လွတ်မခံပါနဲ့။

သူ့ဘဝကို စိတ်ဝင်စားပါ

သူကြိုက်တဲ့ဟာ မကြိုက်တဲ့ဟာ အခင်ဆုံးသူငယ်ချင်း နဲ့ တခြားအရာတွေလိုမျိုး သူ့နဲ့ပတ်သတ်တာတွေကို သိအောင်လုပ်ပါ။ သူနဲ့ပတ်သတ်ပြီးဒီလိုစိတ်ဝင်တစားနဲ့မှတ်ထားတတ်တယ်ဆိုရင် သူက သင့်ရဲ့ချစ်ခြင်းမေတ္တာကို ခံစားမိမှာပါ။

စာတိုပို့ပေးပါ

မနက်နိုးတိုင်း ” သတိရတယ် ” ၊ “ချစ်တယ်” စတဲ့စာလေးတွေ SMS နဲ့ပို့တာမျိုး ၊ အလုပ်ကို သူ့အတွက်မုန့်ပို့ပေးတာမျိူး စတဲ့ ဒီလို အမူအရာတွေကသူနဲ့ဝေးနေချိန်မှာတောင် သူ့အကြောင်း တွေးနေတယ်ဆိုတာကို ပြသနေပါတယ်။

သူ့အတွက် အချိန်ပေးပါ

လူတစ်ယောက်ကို သင်ပေးနိုင်တဲ့ အဖိုးတန်ဆုံးအရာက သင့်အချိန်ပါပဲ။ နေ့တိုင်း တစ်ယောက်ကိုတစ်ယောက် နေ့စဉ်လှုပ်ရှားမှု ဒါမှမဟုတ် နှစ်ယောက်လုံးသဘောကျတဲ့အကြောင်းအရာကို‌ပြောတာမျိုးက နှောင်ကြိုးကို ခိုင်မြဲအောင်လုပ်တဲ့နေရာမှာ အကျိူးရှိပါတယ်။

သူ့ကို ချီးကျူးပါ

တစ်ခုခုအောင်မြင်တဲ့အခါ သူ့ကို ချီးကျူးဂုဏ်ပြုပြီး သူ့ရဲ့အောင်မြင်မှုကို အသိအမှတ်ပြုပေးပါ။ ဒါက သူ့အပေါ်အာရုံစိုက်ပြီး သူ့ရဲ့ကြိုးစားအားထုတ်မှုကို တန်ဖိုးထားတယ်ဆိုတာ သူ့ကိုသိစေမှာပါ။

သူစိတ်ဝင်စားတဲ့အရာကို အတူလုပ်ကြည့်ပါ

သင့်ချစ်သူက ရုပ်ရှင်ကြည့်ရတာ ဒါမှမဟုတ် စက်ဘီးစီးရတာကြိုက်တယ်ဆိုရင် သူနဲ့အတူတူလုပ်ကြည့်ပါ။ ဒါက သူ့အကြိုက်တွေကို သင်ဘယ်လောက်ဂရုစိုက်တယ်ဆိုတာ ပြသနေပါတယ်။

သူ့အကြိုက်လေးတွေ ဝတ်ပါ

သူနဲ့တွေ့တဲ့အခါ ခါတိုင်းနဲ့မတူအောင် သူ့အကြိုက်လေးတွေဝတ်ပြီး သူ့ကို အံ့အားသင့်အောင် လုပ်ကြည့်ပါ။ ယောက်ျားလေးတွေက သူတို့အတွက် ရည်ရွယ်ပြီးလုပ်ပေးတာကို သဘောကျတတ်ကြပါတယ်။