မင်္ဂလာပါနော်။ ပါးဖောင်းဖောင်းနဲ့ အပြစ်ကင်းစင်တဲ့မျက်နှာလေးပိုင်ဆိုင်ထားတဲ့ ကိုးရီယားမင်းသမီး Shin Ye Eun ကိုတော့ K Drama ပရိတ်သတ်တော်တော်များများ မျက်မှန်းတန်းမိကြမှာပါ။ ၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ “A Teen” ဆိုတဲ့ Web ဇာတ်လမ်းတွဲကတစ်ဆင့် လူသိများလာခဲ့ပြီး ပရိသတ်အားပေးမှုများတဲ့ “The Glory”၊ “Revenge Of Others” ၊ “Welcome”၊ “More Than Friends” စတဲ့ ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်ထားပါတယ်။
၁၉၉၈ ခုနှစ်မှာမွေးပြီး အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့သူမဟာ လက်ရှိ ကိုးရီးယားနိုင်ငံ Sungkyunkwan တက္ကသိုလ်မှာ သရုပ်ဆောင်မေဂျာကို သင်ယူနေပါတယ်။ သရုပ်ဆောင်ပိုင်းမှာ ပါရမီပါတဲ့သူပီပီ ဇာတ်ရုပ်နဲ့လိုက်ဖက်အောင် သရုပ်ဆောင်နိုင်တဲ့စွမ်းရည်ကြောင့် တက်သစ်စကတည်းက သရုပ်ဆောင်ထူးချွန်များစွာ ရရှိခဲ့သူလေးဆိုရင်လည်း မမှားပါဘူး။
Ye Eun ဟာ အနုပညာနဲ့ပက်သက်ပြီး Drama ဇာတ်လမ်းတွဲတွေအပြင် Kpop Music Video အချို့မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး အစီအစဉ်တင်ဆက်သူနဲ့ Radio Host အဖြစ်ပါ လုပ်ကိုင်နေသူတစ်ဦးပါ။ သူမရဲ့ အေးချမ်းပြီး ချစ်စရာကောင်းတဲ့ Visual ကြောင့် Skincare Brand တွေရဲ့ကြော်ငြာမော်ဒယ်အနေနဲ့ မြင်တွေ့ရလေ့ရှိသလို မဂ္ဂဇင်းတွေရဲ့ မျက်နှာဖုံးမှာပါ မကြာခဏဖော်ပြခံရသူလေးဖြစ်ပါတယ်။
သွယ်လျတဲ့ခန္ဓာကိုယ်လေးပိုင်ဆိုင်ထားတဲ့သူမဟာ ဖက်ရှင်ပိုင်းမှာတော့ လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးနဲ့ စတိုင်ကျတဲ့ Outfit တွေဝတ်လေ့ရှိသူပါ။
သူမရဲ့ဖက်ရှင်လေးတွေက ထသွားထလာနဲ့ ရုံးသွားရုံးတက် နှစ်မျိုးလုံးအတွက် အဆင်ပြေသလို သက်တောင့်သက်သာနဲ့ ဓာတ်ပုံရိုက်လို့လည်းလှတာမို့ ခုခေတ်ကောင်မလေးတွေ အကြိုက်ကွက်တိပါပဲ။ ဒီတော့ စိတ်ဝင်စားတဲ့သူတွေအတွက် Ye Eun ဝတ်လေ့ရှိတဲ့ Outfit Idea လေးတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။
Photo Source: Pinterest
By MyStyle Myanmar