ကြောင်မွေးတဲ့နေ့ကစပြီး ဘဝကြီးက ပိုပြီးတောက်ပလာတယ် ပျော်ဖို့ကောင်းတယ်လို့ တွေးမိလား။ ဒါမှမဟုတ် စိတ်ရှုပ်ဖို့ကောင်းတယ်လို့တွေးမိလား။ သင်က ကြောင်ချစ်တတ်တယ်ဆိုရင်တော့ စိတ်ရှုပ်ဖို့ကောင်းတဲ့ အတွေး တွေးမိမှာမဟုတ်ပါဘူး။ ကြောင်လေးတွေက ချစ်ဖို့ကောင်းပြီး တစ်ခါတလေ တော့ သခင်ကိုတောင် ဂရုမစိုက်တဲ့ပုံစံ နေပြတတ်ပါသေးတယ်။ ကိုယ်အိပ်ရာက နိုးထဖို့ သူတို့လေးတွေက နှိုးစက်လေးတွေ ဖြစ်နိုင်ပါသေးတယ်။ သင့်မှာကော ကြောင်လေးတွေရှိလား။ သင့်ကြောင်လေးနာမည်က ဘယ်လိုခေါ်လဲ။ ပြောခဲ့ပါဦး။ အခုတော့ မြင်သူတိုင်း ချစ်သွားလောက်အောင် ချစ်ဖို့ကောင်းတဲ့ ကြောင်လေးတွေရဲ့ ပုံရိပ်ကို အတူတူကြည့်လိုက်ရအောင်နော်။

Photo Source: Pinterest

By MyStyle Myanmar