အားလုံးပဲမင်္ဂလာပါနော်။ Running Man အစီအစဉ်ကြည့်သူတိုင်းရဲ့ အသည်းစွဲ Ace လေး Song Jihyo ကိုတော့ စာဖတ်ပရိတ်သတ်တော်တော်များများနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ ပရိသတ်တွေက သူမရဲ့ မြင်လိုက်တိုင်းမှာ ဟန်ဆောင်မှုမရှိဘဲ ပွင့်ပွင့်လင်းလင်းနဲ့ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့အချက်ကို သဘောကျကြပါတယ်။

Running Man အစီအစဉ်မှာ ၁၀ နှစ်ကျော်အထိ ပါဝင်နေဆဲဖြစ်တဲ့ သူမဟာ အခုနှစ်ပိုင်းအတွင်းမှာပဲ အသက် ၄၀ ပြည့်ခဲ့ပြီဖြစ်ပေမယ့် အသက်နဲ့မလိုက်အောင်နုပျိုတဲ့အလှကို ပိုင်ဆိုင်ထားဆဲသူတစ်ယောက်လည်းဖြစ်ပါတယ်နော်။

Running Man အပိုင်းတော်တော်များများမှာလည်း မိတ်ကပ်မလိမ်းဘဲ ရိုက်ကူးခဲ့ပေမယ့် ချောမောလှပနေဆဲဖြစ်တဲ့သူမကို ကိုးရီးယားနိုင်ငံရဲ့ မျက်နှာပြောင်နဲ့အလှဆုံးသူ အဖြစ်တောင် သတ်မှတ်ခဲ့ကြပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာ Song Ji Hyo လိုအသက်အရွယ်တစ်ခုရလာတဲ့အထိ နုပျိုတဲ့အလှကိုထိန်းထားချင်တဲ့ ပျိုမေတိုင်းအတွက် သူမလုပ်လေ့ရှိတဲ့အလှအပထိန်းသိမ်းနည်းလျို့ဝှက်ချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ မကြာခဏမိတ်ကပ်လိမ်းတာကိုရှောင်တယ်


သူမဟာ အသားအရေထိန်းသိမ်းတဲ့အနေနဲ့ တတ်နိုင်သလောက်မိတ်ကပ်မလိမ်းဘဲနေပြီး အသားအရေကိုအနားပေးလေ့ရှိတယ်လို့ အင်တာဗျူးတစ်ခုမှာပြောပြခဲ့ပါတယ်။

၂။ အခြေခံ Skincare အဆင့်တွေနဲ့ Cleansing ကိုအဓိကထားပြီးလုပ်ပေးတယ်


မိတ်ကပ်မလိမ်းတဲ့အချိန်တွေမှာ အခြေခံ Skincare တွေဖြစ်တဲ့ Toner နဲ့ Sunscreen တွေကို ပုံမှန်လိမ်းတတ်ပြီး မျက်နှာ Cleansing ကိုလည်းအဓိကထားပြီးလုပ်လေ့ရှိပါတယ်။ အိုမင်းရင့်ရော်မှုကို တားဆီးနိုင်ဖို့ မိတ်ကပ်၊ ဖုန်နဲ့ အညစ်အကြေးတွေအားလုံးကိုဖယ်ရှားပေးနိုင်ဖို့လိုကြောင်း ပြောပြခဲ့ပြီး ဥပမာအနေနဲ့ ခရီးသွားတဲ့အချိန် Running Man ရိုက်ကွင်းပြီးတဲ့အချိန်တွေမှာ မျက်နှာကိုသေချာ Cleansing လုပ်တတ်တဲ့သူလည်းဖြစ်ပါတယ်။ Cleansing များပြီး အသားမခြောက်စေဖို့ Cream နဲ့ Gel Type တွေထက် Balm Cleanser တွေကိုသာ သုံးလေ့ရှိတယ်လို့လည်းပြောခဲ့ပါတယ်။

၃။ Sheet Masks နဲ့ V-Line Masks တွေပုံမှန်သုံးတယ်


သူမဟာ အသားအရေကြည်လင်ဖို့ Sheet Masks တွေကိုမကြာခဏကပ်လေ့ရှိပြီး မျက်နှာ V Shape ပိုပေါ်စေဖို့အတွက်လည်း V-Line ဖော်တဲ့ Masks တွေပါကပ်လေ့ရှိတဲ့သူဖြစ်ပါတယ်။ V-Line Mask တွေက မျက်နှာအောက်ပိုင်း မေးတစ်ဝိုက်ကို အစိုဓာတ်ရစေပြီး မျက်နှာဖောင်းတာကိုသက်သာစေပါတယ်။

၄။ မိတ်ကပ်ခပ်ပါးပါးနဲ့ အရောင်လင်းတာလေးတွေလိမ်းတယ်


မိတ်ကပ်ပါးပါးလေးနဲ့လည်းလိုက်ဖက်ပြီး ခပ်ပါးပါးသာလိမ်းလေ့ရှိတဲ့သူမဟာ အချိန်တိုင်း Glow Look လေးဖို့ ပန်းရောင်နဲ့ မက်မွန်သီးရောင်သမ်းတဲ့ပါးနီတွေနဲ့ Liquid Highlighter လင်းလင်းလေးတွေကို ထပ်လိမ်းပေးတတ်တဲ့သူဖြစ်ပါတယ်။ မျက်ခုံးဆွဲတဲ့အခါမှာလည်း အမဲထက် အညိုရောင်အဖျော့လေးတွေသုံးပြီး ခပ်တန်းတန်းဆွဲလေ့ရှိပါတယ်။

၅။ Contour အဆင့်ကိုရှောင်တယ်


အသက်အရွယ်ရလာတဲ့အခါ သူ့အလိုလိုပါးရိုးတွေကျလာလေ့ရှိပါတယ်။ ဒါကို ပါးစောင်တစ်ဝိုက် Contour ထပ်လုပ်လိုက်တာက ပိုသိသာသွားစေပြီး အိုမင်းရင့်ရော်ပုံပိုပေါက်စေပါလိမ့်မယ်။ ဒါကြောင့် Ji Hyo ပုလုပ်လေ့ရှိသလို Contour အဆင့်ကိုကျော်ပြီး Highlighter အနည်းငယ်သာထည့်လိမ်းပေးသင့်ပါတယ်။

၆။ ရှေ့ဆံမြိတ်လေးချထားတယ်


ရှေ့ဆံမြိတ်ချတဲ့ ဆံပင်ပုံစံက အရမ်းချစ်စရာကောင်းပြီး ရှိရင်းစွဲထက်လည်း အသက်ငယ်ပုံပေါ်စေပါတယ်။ သူမကိုယ်တိုင်ကလည်း ရှေ့ဆံမြိတ် ခပ်ရှည်ရှည်တွေကို အရှေ့နဲ့ဘေးတစ်ဝိုက်ချထားတဲ့ ဆံပင်ပုံစံလေးတွေ ထားတတ်သူဖြစ်ပြီး ဆံမြိတ်လေးတွေနဲ့ လိုက်ဖက်တဲ့သူတစ်ယောက်ဆိုရင်လည်းမမှားပါဘူး။

Photo Source: Youtube, Pinterest

By MyStyle Myanmar