အားလုံးပဲမင်္ဂလာပါနော်။ နန်းနန်းလို့ ချစ်စနိုးခေါ်ကြတဲ့ မင်းသမီးလေး နန်းစန္ဒာလှထွန်းကို တကူးတက မိတ်ဆက်ပေးစရာလိုမယ်မထင်ပါဘူး။ အားလုံး ရင်းနှီးကြမှာပါနော်။ နန်းနန်းက ရှမ်း-ဓနု တိုင်းရင်းသူလေးလည်းဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်မှာ မော်ဒယ်လ်လမ်းကြောင်းကို စတင်လျှောက်လှမ်းခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် Miss Dr. Secret Southern Shan State, ၂၀၁၃ ခုနှစ် Miss Lipice, ၂၀၁၃ ခုနှစ် Miss Wanlima, နဲ့ ၂၀၁၄ ခုနှစ်မှာ 1st Runner up ဆုတွေကို အသီးသီး ရရှိခဲ့ပါတယ်။

၂၀၁၄ ခုနှစ်မှာပဲ အကယ်ဒမီဗန်းကိုင်အဖြစ် ရွေးချယ်ခံခဲ့ရပြီး ၂၀၁၅ ခုနှစ်မှာ Miss World Myanmar ပွဲ၌ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး 1st Runner up ဆုကို ဆွတ်ခူးခဲ့ပါတယ်။

သူမကို လူသိများစေခဲ့တဲ့ ဇာတ်လမ်းတွဲတွေကတော့ MRTV-4 စီးရီးတွဲတွေဖြစ်တဲ့ ပဥ္စလက်ရွာ၊ အရိပ်၊ ငွေစက္ကူ၇ရွက် တို့ပဲဖြစ်ပါတယ်။

နန်းနန်းကို ၁၉၉၃ ခုနှစ် ဇွန်လ ၂၂ ရက်နေ့က ရှမ်းပြည်နယ် မိုင်းပွန်မြို့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ နန်းနန်းရဲ့ အရပ်အမြင့်ကတော့ ၅ပေ ၅ လက်မ ရှိပြီး ပညာရေးအနေနဲ့ကတော့ English မေဂျာနဲ့ ကျောင်းပြီးထားတာပါနော်။

လက်ရှိမှာ အနုပညာအလုပ်တွေကိုလည်း အများကြီးလုပ်ကိုင်နေသူလည်းဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ နန်းနန်းရဲ့ ဖက်ရှင်တွေက ပျိုမေလေးတွေ အကြိုက်တွေ့မယ့် ဒီဇိုင်းလေးတွေဖြစ်တာမို့ အတုယူလို့ရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Image Credit: Nang Sandar Hla Htun Facebook Page