ဝိတ်ချနေတဲ့ အတွေ့အကြုံက အတိတ်ဆိုးအနေနဲ့ ဖြစ်ကျန်ခဲ့တာမျိုး မဖြစ်သင့်ပါဘူး။ ပျော်ပျော်ရွှင်ရွှင် လုပ်လို့ရတဲ့ အရာတစ်ခု ဖြစ်နေသင့်ပါတယ်။ သင်က ဝိတ်ချနေတဲ့အချိန် ကောင်လေးနဲ့ တွေ့တဲအခါ မုန့်မစားဘဲ တခြားဘာလုပ်ရမလဲ စဉ်းစားရခက်နေတယ်ဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါ။ ဒီတစ်ခေါက်မှာတော့ ဝိတ်ချရတာ ပျော်ဖို့ ကောင်းစေမယ့်အပြင် ကောင်လေးနဲ့ပါ အတူတူ လုပ်နိုင်မယ့် ဝိတ်ကျစေတဲ့ လှုပ်လှုပ်ရှားရှား နည်းလမ်းတွေကို ဖော်ပြပါရစေ။

၁။ ခွေးနဲ့ အတူ လမ်းလျှောက်ပါ

သင်တို့ နှစ်ဦးမှာ ခွေးလေး ပိုင်ဆိုင်ထားတယ်ဆိုရင် ဒီအချိန်က သင်တို့နှစ်ဦးကြား အမှတ်တရ အချိန်ဖန်တီးနိုင်ဖို့ အခွင့်အရေးပါပဲ။ ခွေးလေးနဲ့ အတူတူ သင်တို့ နှစ်ယောက်က စကားပြောရင်း လမ်းလျှောက်ရင် သင်လည်း ဝိတ်ကျပါလိမ့်မယ်။

၂။ ရေကူးပါ

သင်တို့နှစ်ဦးလုံးက ရေကူးတတ်တယ်ဆိုရင် ရေကူး Date လုပ်နိုင်ပါတယ်။ ဒီလို နှစ်ယောက်အတူ ရေကူးရတာက လေ့ကျင့်ခန်း လုပ်သလို ဖြစ်စေတဲ့အပြင် ရင်ခုန်စရာပါ။

၃။ အတူတူ ပြေးပါ

သင်က ဝိတ်ချနေတဲ့ ကာလမှာ ချစ်သူကောင်လေးနဲ့ အတူ မနက်စောစော ပြေးသင့်ပါတယ်။ သင်တို့ နှစ်ဦးလုံး အရင်ထက် ပိုကျန်းမာလာပါလိမ့်မယ်။

၄။ စက်ဘီး တူတူစီးပါ

သင့်ချစ်သူနဲ့ သင် စက်ဘီးအတူတူ စီးတာက သင်တို့ နှစ်ဦးကို ပိုပျော်ရွှင်စေမှာ မလွဲမသွေပါပဲ။ ဒါ့အပြင် သင်လည်း လှုပ်လှုပ်ရှားရှား ပိုနေရပါတယ်။

၅။ အတူတူ Gym သွားပါ

ဒါကတော့ စုံတွဲတွေ လုပ်ဖို့ အလွယ်ဆုံးအရာပါပဲ။ သူနဲ့ ဒိတ်လုပ်ဖို့နေရာကို မုန့်ဆိုင်တွေမှာ တင်မက Gym မှာပါ ဖြစ်နိုင်ကြောင်း သင်က သက်သေပြနိုင်ပါတယ်။

၆။ အတူတူ ကခုန်ပါ

သူနဲ့ ဒိတ်လုပ်တဲ့အချိန် သင်တို့နှစ်ဦးလုံး နှစ်သက်တဲ့ သီချင်းတစ်ပုဒ်ဖွင့်ကာ အတူတူ ကခုန်နိုင်ပါတယ်။ ဒီလို ကခုန်တာက သင်တို့နှစ်ဦးကြား သံယောဇဉ်တိုးစေမယ့်အပြင် သင်ပါ ဝိတ်ကျပါလိမ့်မယ်။

၇။ ယောဂကျင့်ပါ

သင်တို့ နှစ်ဦးမှာ အကြော ပိုပျော့တဲ့သူက Yoga ကျင့်တာကို ဦးဆောင်နိုင်ပါတယ်။ နှစ်ယောက်တူတူ Yoga ကျင့်တဲ့အခါ သင်တို့နှစ်ဦးလုံး မပျင်းတဲ့အပြင် သင့်အတွက်ပါ သင့်တော်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar