သင်က သင့်ချစ်သူအပေါ်မှာ ဘယ်လောက်ချစ်ကြောင်း စကားလုံးအကြီးကြီးတွေနဲ့ ဖော်ပြနိုင်သလို၊ ကဗျာတွေ စာတွေရေးရင်းနဲ့လည်း တလောကလုံးသိအောင်ဖော်ပြနိုင်ပါသေးတယ်။ ဒါပေမဲ့ တစ်ခါတလေကျရင်တော့ သင့်ချစ်သူလိုအပ်တာက စကားလုံးကြီးကြီးကျယ်ကျယ်တွေမဟုတ်ဘဲ မှန်ကန်တဲ့အပြုအမူတချို့ပါပဲ။

ဘယ်လိုနည်းလမ်းလေးတွေက သင့်ချစ်သူကိုအရည်ပျော်ကျသွားစေနိုင်ပြီး သင့်ရဲ့အချစ်တွေကိုခံစားမိစေလဲ ဆိုတာကို ဖော်ပြပေးလိုက်တယ်နော်။

၁။ ဂရုတစိုက်နားထောင်ပေးပါ

တစ်ခါတလေမှာ ကိုယ့်ချစ်သူက ကိုယ်မသိတဲ့အကြောင်းအရာတွေကို ရင်ဖွင့်ချင်တဲ့အခါ မငြင်းဆန်ဘဲ စိတ်ရှည်လက်ရှည်နဲ့ ဂရုတစိုက်နားထောင်ပေးပါ။ ကြင်နာတတ်ပြီး နားလည်ပေးနိုင်တဲ့ လက်တွဲဖော်ကောင်းတစ်ယောက် ဖြစ်ပါစေ။

၂။ သူတို့ သူငယ်ချင်းတွေနဲ့ တွေ့ဖို့ မပိတ်ပင်ပါနဲ့

သမီးရည်းစားအများစုကျူးလွန်မိတဲ့ မဟာအမှားကတော့ ကိုယ့်ချစ်သူဖြစ်သွားပြီဆို ကိုယ့်အပိုင်ပစ္စည်းအဖြစ်သတ်မှတ်ပြီး မိမိစိတ်ကြိုက်ခြယ်လှယ်ချင်ကြတာပါပဲ။ သင့်ချစ်သူကို ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ ကိုယ်ပိုင်အားလပ်ချိန်ပေးပါ။ မတွေ့တာကြာတဲ့ သူ့သူငယ်ချင်းတွေနဲ့ တွေ့မယ်ဆိုရင်လည်း စိတ်မဆိုးဘဲ ကြည်ကြည်ဖြူဖြူလက်ခံပေးပါ။

၃။ မိမိချစ်သူက ဘာကြိုက်တတ်လဲဆိုတာ သတိပြုပေးပါ

သူဘာကြိုက်တတ်လဲဆိုတာ သင်မှတ်မိနေရုံနဲ့တင် သင့်ချစ်သူက ပျော်ရွှင်ကြည်နူးတတ်တာမို့လို့  အသေးအဖွဲကိစ္စလေးတွေက အစဂရုစိုက်ပေးလိုက်ပါ။

၄။ ချီးမွမ်းပေးပါ

မိန်းကလေးတွေပဲ ချီးမွမ်းခံရတာကို ကြိုက်တာမဟုတ်ပါဘူး။ ယောကျာ်းလေးတွေလည်း ချီးကျူးခံရတာကို ကြိုက်ကြပါတယ်။ ဒါ့ကြောင့်သင့်ကောင်လေးကို သူဝတ်ထားတဲ့အင်္ကျီလေးနဲ့ အရမ်းလိုက်ဖက်တာပဲ၊ ကိစ္စတစ်ခုခုအောင်မြင်အောင်ပြုလုပ်နိုင်ခဲ့ရင်လည်း တော်လိုက်တာ စသဖြင့် ချီးမွမ်းပြောဆိုပေးပါ။

၅။ ချစ်သူကောင်းတစ်ယောက်အဖြစ်သာမက သူငယ်ချင်းကောင်းတစ်ယောက်အဖြစ် ဖြစ်တည်ပေးပါ

ကောင်လေးတွေက သူတို့ရဲ့ချစ်သူ သူတို့ကို ဝေဖန်ပြောဆိုခြင်း၊ မကျေနပ်ချက်များနဲ့ ပြောဆိုခြင်း၊ ယောကျာ်းလေးကိစ္စတွေမှာ ဝင်ပါခြင်းတွေကို မလိုလားကြပါဘူး။ သူတို့ကို ဟိုဟာလုပ်၊ ဒီဟာလုပ်လို့ အမိန့်ပေးပြောဆိုနေမယ့်အစား သူတို့ရဲ့အရည်အချင်းကို ယုံကြည်ပေးလိုက်ပါ။

၆။ သင့်ချစ်သူ၊ ဒါမှမဟုတ် အိမ်ထောင်ရှင်အမျိုးသားအတွက် အနားယူချိန်ပေးပါ

အလုပ်မှာ တစ်နေကုန်ပင်ပန်းလာတဲ့အခါ အိမ်အလုပ်တွေကို တန်းမလုပ်ခိုင်းဘဲ သူတစ်ယောက်တည်း အေးအေးဆေးဆေးအနားယူဖို့အချိန်ပေးပါ။ တစ်ခါတရံမှာ သူတို့တစ်ယောက်တည်းနေချင်တယ်ဆိုရင်လည်း သင်က အလိုက်တသိနဲ့ကြည်ဖြူစွာရှောင်ပေးလိုက်ပါ။ ဒီလိုရှောင်ပေးခြင်းအားဖြင့် သင်တို့နှစ်ယောက်ကြားမှာ ပဋိပက္ခဖြစ်နိုင်ချေကို လျော့ပါးအောင် ကူညီပေးပါလိမ့်မယ်။

၇။ ထမင်း၊ ဟင်း အတူတူချက်ပြုတ်ခြင်း

အတူတူဈေးဝယ်ထွက်ပြီး အတူတူပြင်ဆင်ချက်ပြုတ်ခြင်းက သင်တို့နှစ်ယောက်ကြားက အချစ်တွေကို တိုးလာစေပါတယ်။ တစ်ယောက်တည်းကပဲ ကိစ္စတွေအကုန်လုံးကို သိမ်းကြုံးမလုပ်ခိုင်းဘဲနဲ့ မိမိတတ်နိုင်တဲ့ဘက်က ကူညီပေးခြင်းက သူတို့စိတ်ပျော်အောင် ပြုလုပ်ပေးပါတယ်။

၈။ စိတ်ကူးအိပ်မက်များကို အတူတူအကောင်အထည်ဖော်ပါ

အပန်းပြေခရီးထွက်ခြင်းကို ပိုက်ဆံဖြုန်းတီးတယ်လို့ သဘောမထားဘဲ နှစ်ယောက်သားစိတ်တူကိုယ်တူဖြစ်ဖို့ လိုအပ်ပါတယ်။ အခြားသောကိစ္စများမှာလည်း ထိုနည်းအတိုင်းပါပဲ တစ်ယောက်နဲ့တစ်ယောက် အားပေးကူညီရင်း စိတ်ကူးများကို အတူတူအကောင်အထည်ဖော်လိုက်ကြပါ။

Source: Brightside.me