ချစ်သူနှစ်ယောက်ကြားမှာ တချို့သော အသေးအမွှားကိစ္စလေးတွေက တစ်ယောက်ကိုတစ်ယောက် စိတ်ကုန်သွားစေတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ သင့်အနေနဲ့ သာမန် ပေါ့ပေါ့ပါးပါး ကိစ္စလေးတွေလို့ ထင်ထားပေမယ့် တစ်ဖက်လူမှာတော့ ခံစားချက်တွေဖြစ်စေတတ်ပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ ချစ်သူရည်းစား ဆက်ဆံရေး Relationship အကြုံပြုချက်အနေနဲ့ ဘယ်လို အပြုအမူ (Behavior) တွေက သင့်ကိုစိတ်ကုန်သွားစေနိုင်လဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) သူ့ဘက်က အမြဲစဆက်သွယ်နေရတဲ့အခါ

ဖုန်းခေါ်တာ မက်ဆေ့ပို့တာတွေကို အမြဲတမ်း သူ့တစ်ဖက်ကပဲ လုပ်နေရမယ်ဆိုရင် အချိန်ကြာလာတာနဲ့ စိတ်ကုန်သွားစေနိုင်ပါတယ်။ သူ့စိတ်ထဲမှာ သူ့ဘက်စပြီး မဆက်သွယ်ရင် ပြတ်တောက်သွားမယ့် အချစ်ရေးတစ်ခုလို့ ထင်မှတ်သွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်အနေနဲ့လည်း သတိရရင် ဖုန်းခေါ်တာ စာပို့တာတွေကို မဖြစ်မနေလုပ်သင့်ပါတယ်။

(၂) အမှတ်တရနေ့တွေ အလေးမထားတဲ့အခါ

ချစ်သူနှစ်ဦးကြားက အမှတ်တရနေ့တွေက တန်ဖိုးထားသင့်တဲ့ နေ့ရက်လေးတွေပါပဲ။ တစ်ခါတစ်လေ အလုပ်ရှုပ်နေတဲ့အခါမျိုးမှာ ချစ်သူနှစ်ဦးရဲ့ နှစ်ပတ်လည်နေ့တွေကို မေ့တတ်တာမျိုးတွေရှိပါတယ်။ ဒါပေမယ့် ဒါက အမြဲတမ်းတော့ မကောင်းပါဘူး။ နှစ်ပတ်လည်နေ့တွေတိုင်း မေ့လျော့နေမယ်ဆိုရင် သူ့ကိုတကယ်မချစ်ဘူး အပျော်တွဲနေတာလားဆိုတဲ့ စိတ်ဝင်သွားနိုင်ပါတယ်။

(၃) အတူရှိနေစဉ်မှာ အာရုံမစိုက်တဲ့အခါ

ချစ်သူနှစ်ဦး ဒိတ်လုပ်ကြတဲ့အခါ ဖြစ်နိုင်ရင်ကိုယ့်ချစ်သူအပေါ်ကိုပဲ အပြည့်အဝအာရုံစိုက်ပြီး အချိန်ပေးသင့်ပါတယ်။ နှစ်ယောက်သားတွေ့ဆုံချိန်မှာ ကိုယ်အနေနဲ့ ဖုန်းသုံးနေတာမျိုး ဗီဒီယိုကြည့်နေတာမျိုး အလုပ်တွေလုပ်နေတာမျိုး စတဲ့အရာတွေက ချစ်သူနှစ်ဦးဒိတ်လုပ်နေချိန်မှာ ရှောင်ကျဉ်သင့်တဲ့အရာတွေပါ။ အတူတူရှိပေမယ့် အာရုံအစိုက်မခံရရင် သင့်ကိုစိတ်ကုန်သွားစေမှာ သေချာပါတယ်။