အခုတစ်ခေါက် MyStyle Myanmar ကနေပြီးတော့ Relationship နဲ့ ပတ်သက်ပြီး ဖော်ပြပေးချင်တာကတော့ မိန်းကလေးတွေရဲ့အမြင်မှာ ဆွဲဆောင်မှုရှိတဲ့ ယောကျာ်းတစ်ယောက်ရဲ့ အသွင်အပြင်နဲ့ အပြုအမူတွေအကြောင်းပဲ ဖြစ်ပါတယ်။ ဘယ်လိုအချက်တွေဖြစ်မလဲဆိုတာ အခုပဲ ဆက်ဖတ်ကြည့်လိုက်ရအောင်နော်။

ကိုယ့်အားကိုယ်ကိုးကာ Confidence ရှိခြင်း

လူသားတိုင်းက မိမိအသက်အရွယ်ပေါ် လိုက်ပြီး အခြားတစ်ယောက်ကို မှီခိုအားထားလေ့ရှိကြပါတယ်။ တဖြည်းဖြည်း အသက်အရွယ်ရလာတဲ့အခါမှာတော့ ကိုယ့်အားကိုယ်ကိုးပြီး မိမိကိုယ်ကိုယ် ယုံကြည်မှုရှိရမယ်ဆိုတာ သိနားလည်လာတာဖြစ်ပါတယ်။

ယောကျ်ားလေးတစ်ယောက်အနေနဲ့ မိမိကိုယ်ကို ယုံကြည်မှုရှိပြီး ကိုယ့်အားကိုယ်ကိုးတတ်တဲ့သူ တစ်ယောက်ဆိုရင်တော့ ကောင်မလေးအရှေ့မှာ ယောကျာ်းဆန်တဲ့ အမျိုးသားတစ်ယောက် ဖြစ်နိုင်ပါတယ်။

အပြောနဲ့အလုပ် ညီတယ်

ကတိပေးထားပြီးမှ ကတိဖျက်သွားတတ်တဲ့လူတွေကို လူတိုင်း မြင်တွေ့ဖူးပါလိမ့်မယ်။ မိန်းကလေးတွေက ဒီလိုယောကျာ်းမျိုးကို မယုံကြည်ကြဘဲ သူတို့အချစ်တွေကို ပေးအပ်လေ့မရှိကြပါဘူး။

ကောင်မလေးရဲ့အချစ်တွေကို သိမ်းပိုက်ရယူချင်တယ်ဆိုရင်တော့ အပြောနဲ့အလုပ်ညီတဲ့ ယောကျာ်းတစ်ယောက်ဖြစ်အောင် ကြိုးစားရပါမယ်။

ပန်းတိုင်ရှိပြီး အလုပ်ကြိုးစားတဲ့ ယောကျာ်း

ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်ကြောင့်သာ ကိုယ် ဘာလုပ်ရမလဲဆိုတာကို သိရှိနားလည်တာဖြစ်ပါတယ်။ ပန်းတိုင်မရှိတဲ့ ယောကျာ်းတစ်ယောက်က ပျင်းရိပျင်းတွဲဖြစ်တတ်ပြီး မိမိကိုယ်ကိုယ် ယုံကြည်မှုပျောက်ဆုံးနေတတ်ကြပါတယ်။

ပန်းတိုင်ရှိပြီး အလုပ်ကြိုးစားတဲ့ ယောကျာ်းများကတော့ ဆွဲဆောင်မှုရှိကြတယ်လို့ မိန်းကလေးတွေ မှတ်ယူကြပါတယ်။

ကိုယ်ချစ်တဲ့သူကို ကာကွယ်ပေးနိုင်စွမ်းရှိတယ်

ကောင်မလေးနဲ့ လမ်းမပေါ် လမ်းလျှောက်နေရင်းနဲ့မှ ကားလမ်းမနဲ့ နီးတဲ့ဘက်အခြမ်းကိုယူပြီး ကောင်မလေးနဲ့ အခြားတစ်ဖက်မှာ လမ်းလျှောက်စေတာမျိုး၊ ကားလမ်းကူးတဲ့အခါ သူမကို ကိုယ့်အနောက်မှာ နေစေတာမျိုး စတဲ့ အသေးအဖွဲ့အချက်တွေကလည်း ကောင်မလေး (သို့) ခရက်ရှ်ရှေ့မှာ အမှတ်ရအောင် ဆွဲဆောင်မှုတိုးအောင် ကူညီပေးနိုင်ပါတယ်။

ယုံကြည်စိတ်ချရတဲ့သူ

တစ်ယောက်ယောက်က ယုံကြည်လို့ ပြောပြလာတဲ့ လျှို့ဝှက်ချက်များကို မပေါက်ကြားစေဘဲ အဆုံးထိ နှုတ်လုံခြင်းဟာလည်း မိန်းကလေးတွေရဲ့အမြင်မှာ ဆွဲဆောင်မှုရှိကြတယ်လို့ ဝန်ခံထားကြပါတယ်။

ဒီလိုမျိုး နှုတ်လုံတဲ့အတွက်ကြောင့် သင့်ထံမှာ တစ်စုံတစ်ရာ ဖွင့်ဟတိုင်ပင်ပြီး အကြံဉာဏ်များ ရယူတဲ့အခါ စိတ်ချလက်ချ ဖွင့်ဟပြောဆိုနိုင်ကြတာကြောင့် သူတို့ယုံကြည်စိတ်ချရတဲ့သူတစ်ယောက်ဖြစ်နိုင်ပါတယ်။