အရွယ်ရောက်လာပြီ ချစ်တတ်လာတာနဲ့ အမျှ ချစ်သူရည်စားတွေတော့ ထားဖူးကြပါတယ်။ အခုလက်ရှိလည်း ချစ်သူရှိချင်ရှိနေမှာပေါ့နော်။ တစ်ဘဝစာအတွက်ရည်ရွယ်တယ်ဆိုရင် ချစ်သူကို ဒီလိုစကားတွေ ဒီလိုအပြုအမူတွေမလုပ်မိဖို့ MyStyle Myanmar ကအကြံပြုချင်ပါတယ်။

ဘာမှမဟုတ်တော့ဘူး

တခါတလေမှာ စိတ်မကြည်တာမျိုး စိတ်ရှုပ်လာတာမျိုးတွေဖြစ်တတ်ပါတယ်။ ချစ်သူနှစ်ဦးစကားများကြတဲ့အခါမှာ ဘာမှမဟုတ်တော့ဘူး။ ဘာဖြစ်ဖြစ်ဂရုမစိုက်ဘူးဆိုတဲ့ စကားတွေ မပြောသင့်ပါဘူး။ ဒါက အသေးအမွှားလို့ထင်ချင်ထင်မိပါလိမ့်မယ်။ အချိန်ယူရှင်းပြသင့်ပါတယ်။ ချစ်သူနှစ်ဦးကြားမှာ ကြာလာရင် အဖုအထစ်လေးတွေဖြစ်လာတတ်ပါတယ်။

ဘယ်တော့မှ (သို့) အမြဲတမ်း

ဘယ်တော့မှ အမြဲတမ်းဆိုတဲ့ စကားရပ်မှာ အကောင်းဖက်ကိုဆောင်တာရှိသလို အနုတ်ဖက်ကိုဆောင်တာရှိပါတယ်။ ရှင်ကကျွန်မအတွက်ဆို ဘယ်တော့မှ မစဉ်းစားပေးဘူး။ ရှင်က ကျွန်မကိုဆို အမြဲတမ်းဝေဖန်နေတာပဲ။ စတဲ့ အနုတ်ဖက်ကိုဆောင်တဲ့ ဘယ်တော့မှ အမြဲတမ်းဆိုတဲ့ စကားကို ဒေါသထွက်နေတုန်းပဲဖြစ်ဖြစ် မပြောသင့်ပါဘူး။ အမြဲတမ်းစိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်တယ် စသဖြင့်မပြောသင့်ပါဘူး။

ဝမ်းနည်းပါတယ် ဒါပေမယ့်

ကိုယ့်ကို ချစ်သူကစိတ်ဆိုးလို့ တစ်ခုခုကိုမေးတဲ့အခါ ကိုယ်ကပြန်ချော့တဲ့အခါမှာပေါ့။ ကိုယ်စိတ်မကောင်းပါဘူး။ ဒါပေမဲ့ဆိုတဲ့ စောတကတက်တဲ့ ဆင်ခြင်တွေ မပေးသင့်ပါဘူး။ သူ့ကို တခြားနည်းနဲ့ အချိန်ယူရှင်းပြသင့်ပါတယ်။

နာမည်ခေါ်ခြင်း

မှန်ပါတယ်။ ဒေါသထွက်လာဆိုရင် နာမည်ခေါ်ပြီး ရန်ဖြစ်ကြတာ။ ချစ်သူနှစ်ဦး အရင်ကတည်းက တစ်ယောက်ကိုယ်တစ်ယောက် နာမည်ခေါ်ရင်တော့တစ်မျိုးပေါ့။ ဒါမှမဟုတ်တခြားချစ်စနိုးခေါ်နေကျနာမည်လည်း ရှိချင်ရှိမှာပါ။ ရန်ဖြစ်တဲအခါမှာ နာမည်ခေါ်တာဟာ သူ့ကို နာကျင်စေပါတယ်။

သင့်ရည်းစားဟောင်းကိုခေါ်လာခြင်း

ဘာအကြောင်းပြချက်ကောင်းကောင်းမှမရှိဘဲ သင့်ရည်းစားဟောင်းနဲ့ဆက်သွယ်စကားပြောတာ။ သူ့ကိုခေါ်ပြီး မိတ်ဆက်ပေးတာမျိုးက သင့်ချစ်သူကို စိတ်မလုံခြုံမှုတွေ သင့်အတိတ်ကဆက်ဆံရေးဟာ သူ့အပေါ် ခြိမ်းခြောက်မှုတွေ ဖြစ်စေပါတယ်။ အတိတ်ကိုအတိတ်မှာပဲထားခဲ့ပြီး လက်ရှိချစ်သူကိုသာတန်ဖိုးထားပါ။

ငါနင့်ကိုထားခဲ့တော့မယ်

တော်ပြီ ထွက်သွားတော့မယ်။ ငါနင့်ကိုထားခဲ့တော့မယ်ဆိုတဲ့ စကားကို စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေမပြောသင့်ပါဘူး။ ဒါဟာ ချစ်သူနှစ်ဦးဆက်ဆံရေးမှာ အရမ်းကိုထိခိုက်စေပါတယ်။

တိတ်ဆိတ်နေခြင်း

ချစ်သူနှစ်ဦးဆိုတာ ပြောစရာစကားတွေဖောင်ဖွဲ့မကုန်နိုင်အောင်ရှိကြမှာပါ။ တစ်ယောက်ကိုတစ်ယောက်စကားမပြောဘဲ အကြာကြီးတိတ်ဆိတ်မနေသင့်ပါဘူး။

Featured Image Source: pressfoto