ကိုယ်အလေးချိန်မတက်အောင် ကြိုးစားနေထိုင်ပေမယ့် ကိုယ်အလေးချိန်တက်နေတာမျိုးတွေ ဖြစ်နေတတ်ပါတယ်။

ဒီလိုမျိုးတွေဖြစ်လာရတာက ကိုယ်သတိမထားမိဘဲ ပြုလုပ်နေတဲ့ အလေ့အကျင့်လေးတွေက ကိုယ်အလေးချိန်ကို တက်စေပါတယ်။

ပလတ်စတစ်ဗူးထဲက ရေတွေအများကြီးသောက်ခြင်း

သင်ဟာ ပလတ်စတစ်ဗူးထဲက ရေတွေအများကြီးသောက်မိနေသလား။ မြန်မာနိုင်ငံမှာတော့ ပလတ်စတစ် ရေသန့်ဗူးထဲက ရေတွေကို အဓိကထားပြီးသောက်နေကြပါတယ်။ ဒါတွေက ကိုယ်အလေးချိန် တက်စေမယ့် အကြောင်းအရင်းတစ်ခုပါ။ ပလတ်စတစ်မှာ BPA ဓာတ်တွေပါဝင်တာကြောင့် BPA ဓာတ်တွေ ခန္ဓာကိုယ်ထဲမှာ များနေရင် ကိုယ်အလေးချိန်တက်စေပါတယ်။

ဒါ့ကြောင့် ပလတ်စတစ်ဗူးထဲက ရေတွေကို မသောက်ဖြစ်အောင် တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။

အရက်သောက်တာများခြင်း

ညဘက်အလုပ်ကနေ ပြန်ရောက်တာနဲ့ ဘာမှမစားဘဲ ဝိုင် ၂ ခွက်လောက် သောက်တတ်ကြပါသလား။ ဝိုင်ရဲ့ ကယ်လိုရီကြောင့် ကိုယ်အလေးချိန်တက်စေရုံသာမက ဗိုက်ထဲမှာ အစာမရှိဘဲ သောက်လိုက်ရင် သွေးအတွင်း သကြားဓာတ်ကို မြင့်တက်စေပြီး ခန္ဓာကိုယ်ကို အဆီပိုသိုလှောင်စေပါတယ်။

ဒါ့ကြောင့် ညနေခင်းတွေမှာ ဝိုင်သောက်ချင်ရင်တောင် အမြည်းလေးတွေဒါမှမဟုတ် ညစာစားပြီးမှ တစ်ခွက်လောက်သောက်သင့်ပါတယ်။

တစ်နေကုန်ထိုင်ခြင်း

ကိုယ်စားမယ့် အစားအစာတွေကို သေချာ ဂရုစိုက်ပေမယ့် ကိုယ်အလေးချိန် တက်နေတုန်းပါပဲ။ ဒါက သင်တစ်နေကုန် ထိုင်နေလို့ပါဘဲ။ ဘယ်လောက်ဘဲ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း လုပ်နေပေမယ့် နည်းနည်းဝလာသလို ခံစားရပါတယ်။ အမေရိကန်ပြည်ထောင်စုမှာဆိုရင် လူတွေက တစ်နေ့ကို ၉ နာရီကနေ ၁၁ နာရီလောက်ထိုင်နေကြပါတယ်။

ဒါ့ကြောင့် တစ်နေ့ကို ထိုင်တဲ့ နှုန်း ၁ နာရီကနေ ၂ လောက်လျော့ချလိုက်ရင် (ဒါဟာ တစ်နာရီမှာ ၁၀ မိနစ်လောက် မတ်တပ်ရပ်ပြီး အလုပ်လုပ်ရင်) သင့် ဇီဝကမ္မဖြစ်စဉ်ကို ပြောင်းလဲသွားပြီး ကိုယ်အလေးချိန်ကျဆင်းသွားပါတယ်။

Diet Soda တွေ သောက်ခြင်း

ဆိုဒါ က လူကို ဝစေပြီး အရမ်းကို အန္တရာယ်များပါတယ်။ ဓာတုဓာတ်ခွဲခန်းထဲမှာ တီထွင်ထားတဲ့ ချိုတဲ့ဓာတ်တွေက ကယ်လိုရီမပါဝင်ပေမယ့် သွေးအတွင်း အချိုဓာတ်ကို မြင့်တက်စေပြီး ခန္ဓာကိုယ်ကို အဆီဓာတ်တွေ ပိုလောင်ကျွမ်းစေပါတယ်။

ဟင်းသီးဟင်းရွက်တွေ မစားခြင်း

ဟင်းသီးဟင်းရွက်တွေ စားတာနည်းရင်လည်း ခန္ဓာကိုယ်အလေးချိန်တက်စေပါတယ်။ ဟင်းသီးဟင်းရွက်တွေမှာ ကယ်လိုရီပါဝင်မှု နည်းပြီး အမျှင်ဓာတ်မြင့်မားပြီး အာဟာရဓာတ်တွေများပါတယ်။ ဒါ့ကြောင့် ဟင်းသီးဟင်းရွက်တွေ စားတာလည်း ခန္ဓာကိုယ်အလေးချိန်ကို ကျဆင်းစေပါတယ်။