သင်က ဝက်ခြံဖြစ်တတ်တယ်ဆိုရင် ဘယ်လိုနေရာမှာ အများဆုံးဖြစ်တတ်လဲ။ ကိုယ်ဖြစ်တဲ့ နေရာအလိုက် ဖြစ်ရခြင်း အကြောင်းအရင်းကို သိထားတယ်ဆိုရင် ဒီအရာကို ရှောင်လို့ရပါတယ်။ ကိုယ်ဖြစ်တဲ့နေရာအလိုက် ဘာလို့ဖြစ်တတ်လဲဆိုတာကို ကြည့်လိုက်ရအောင်နော်-

၁။ နဖူးပေါ်

သင်က နဖူးပေါ်မှာ ဝက်ခြံဖြစ်တယ်ဆိုရင် အိပ်ချိန်မမှန်တာကြောင့်ပါ။ ညဘက် အိပ်တာနောက်ကျသူတွေမှာဆိုရင် နဖူးပေါ် ဝက်ခြံအဖြစ်များပါတယ်။

၂။ မျက်ခုံးနား

မျက်ခုံးနားမှာ ဝက်ခြံဖြစ်တဲ့သူတွေက ကိုယ်စားတဲ့ အစားအသောက်က အာဟာရမညီမျှလို့ပါ။ အဆီများတာတွေ၊ သရေစာတွေကိုပဲ အစားများသူတွေမှာ မျက်ခုံးနား ဝက်ခြံဖြစ်တတ်ပါတယ်။ သင်က မျက်ခုံးနားမှာ ဝက်ခြံဖြစ်တယ်ဆိုရင် အစားအသောက်ကို သတိထားသင့်ပါတယ်။

၃။ ပါးပေါ်က ဝက်ခြံ

ဒီဝက်ခြံကတော့ ပျိုမေ တော်တော်များများဖြစ်ဖူးကြမှာပါ။ ပါးဘေးမှာ ဝက်ခြံဖြစ်တာက မသန့်တဲ့ဖုန်ကို ပါးနားကပ်မိတာ၊ ဒါမှမဟုတ် ဖုန်းကိုင်ထားတဲ့ လက်ကို ပါးပေါ် ပွတ်မိတာ၊ ခေါင်းအုံးမသန့်တာနဲ့ စိတ်ဖိစီးမှုကြောင့် ဖြစ်တတ်ပါတယ်။

၄။ မေးစေ့ပေါ်

မေးစေ့ပေါ်မှာ ဝက်ခြံဖြစ်တာက ဟော်မုန်း မညီမျှလို့ပါ။ စိတ်ဖိစီးမှုကြောင့်လည်း မေးစေ့ပေါ်မှာ ဝက်ခြံဖြစ်နိုင်ပါတယ်။

ဒီအကြောင်းအရင်းတွေကို သိပြီးနောက် ရှောင်သင့်တာကို ရှောင်နိုင်မယ်လို့ မျှော်လင့်မိပါတယ်။ သင်က ဘယ်လိုနေရာမှာ ဝက်ခြံ အဖြစ်များလဲ ပြောပြခဲ့ပါဦး။

Photo Source: Pinterest

By MyStyle Myanmar