နေချင့်စဖွယ် ဖြစ်အောင် ဖန်တီးနိုင်တာကလည်း အရည်အချင်း တစ်ခုပါပဲ။ ဝယ်နိုင်မယ့် ငွေကြေးပေါင်းလိုက်တဲ့အခါ အလှဆုံးအခန်း ဖြစ်သွားနိုင်ပါတယ်။ ကြည့်လိုက်တာနဲ့ နေချင့်စဖွယ် အခန်းပုံရိပ်တွေကို သင်မြင်ဖူးမှာပါ။ ဒီလိုပဲ သင့်အခန်းမှာ ဖော်ပြပါ ပစ္စည်းအနည်းငယ်ကို ထပ်ပေါင်းလိုက်ရုံနဲ့ နေချင့်စဖွယ် အဖြစ် ဖန်တီးနိုင်မှာပါ။

၁။ ပိုစတာ ဓာတ်ပုံတွေ

မလှတဲ့ နံရံတွေကို ဖုံးပေးနိုင်တာကတော့ ပိုစတာ ဓာတ်ပုံတွေပါ။ ပန်းချီလက်ရာတွေထက် ပိုစတာ ဓာတ်ပုံတွေက ပိုဈေးသက်သာကာ သေချာရွေးဝယ်တတ်မယ်ဆိုရင် သင့်အခန်းနဲ့ လိုက်ဖက်နေမှာပါ။ အခုနောက်ပိုင်း ပိုစတာ ဓာတ်ပုံရောင်းတဲ့ Page တွေ အများကြီး ရှိတာမို့ သင့်အတွက် အဆင်ပြေမှာပါ။

၂။ မီးအိမ်

မီးအိမ်က သင့်အခန်းကို လာပါလို့ ကြိုဆိုသယောင် ဖြစ်စေမယ့် Acccessory ပါ။ မီးအိမ်က သင့်အခန်းကို သက်တောင့်သက်သာ ဖြစ်စေတဲ့ Vibe မျိုးကို ပေးနိုင်ပါတယ်။ မီးအိမ်လေးတွေ ဝယ်ထားတာက သင့်အခန်းကို ပိုလှသွားစေပါလိမ့်မယ်။

၃။ မှန်

အခန်းကျဉ်းကျဉ်းလေးတွေကို အလှဆင်ပေးနိုင်တဲ့ နောက်ထပ် ပစ္စည်းတစ်ခုကတော့ မှန်ပါ။ သင့်အခန်းကို ပိုအသက်ဝင်သွားအောင် နံရံမှာ မှန်ကပ်နိုင်ပါတယ်။

၄။ အခင်း

အခင်းတွေကလည်း သင့်အခန်းကို နွေးထွေးတယ်လို့ ခံစားရစေပါတယ်။ သင့်အခန်းနဲ့ အဆင်ပြေတဲ့ အရောင် အခင်းမျိုးကို ရွေးချယ်နိုင်ပါတယ်။

၅။ ဓာတ်ပုံ

လူတိုင်း လိုလိုက ကိုယ်ချစ်ရတဲ့ သူ၊ မိသားစုဝင်တွေရဲ့ ဓာတ်ပုံတွေကို ကပ်ထား၊ ဆောင်ထားတတ်ပါတယ်။ ဓာတ်ပုံတွေက သင့်အခန်းကို အလှဆင်ပေးနိုင်သလို ဓာတ်ပုံရွေးရတာကလည်း ပျော်ဖို့ ကောင်းပါတယ်။

၆။ Fairy Lights

Fairy Lights တွေက သင့်အခန်းကို ပိုလှစေတာကတော့ ငြင်းမရတဲ့ အချက်တစ်ချက်ပါ။ ရာသီအချိန်အခါ အလိုက် သင့် Fairy Light အရောင်ကိုပါ ပြောင်းလဲ ရွေးချယ်နိုင်ပါတယ်။

၇။ ငါးကန်

ငါးကန် ဖန်လုံးလေးထဲမှာ ငါးနှစ်ကောင်လောက် ထည့်ပြီး မွေးထားတာကလည်း အခန်းကို ပိုလှစေပါတယ်။ ငါးလေးတွေက ထိန်းသိမ်းရလွယ်တာမို့ သင့်အခန်းကို ပိုနွေးထွေးစေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar