ပျိုမေတို့အားလုံး မင်္ဂလာပါနော်။ Crochet လို့ခေါ်တဲ့ Handmade ချည်ထိုးတာက အခုခေတ်ပျိုမေတိုင်းနီးပါးနဲ့ မစိမ်းတဲ့လက်မှုပညာတစ်မျိုုးလို့ ပြောလို့ရပါတယ်။ ချည်ထိုးတာက စိတ်တည်ငြိမ်စေတဲ့အပြင် ချည်ထည်ပစ္စည်းလေးတွေဝတ်ဆင်တာက ကိုယ့်ရဲ့ Outfit ကို ထူးထူးခြားခြား ဖက်ရှင်ကျစေတာမို့ အခုခေတ်မိန်းကလေးတွေကြားမှာ ရေပန်းစားလာတာပါ။ ဒါကြောင့်မို့ ဒီနေ့မှာ MyStyle ရဲ့ချည်ထိုးရတာကြိုက်တဲ့ စာဖတ်သူပျိုမေတို့အတွက် ကိုယ်တိုင်အမျိုးမျိုး ဖန်တီးလို့ရတဲ့ ချည် Accessories လေးတွေအကြောင်းကို ဖော်ပြပေးချင်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင် ကြည့်လိုက်ရအောင်နော်-

(၁) ခေါင်းစီးနဲ့ ကလစ်လှလှလေးတွေ


(၂) ချစ်စရာကောင်းတဲ့ ချည်ဦးထုပ်လေး


(၃) ချည်နဲ့ကျစ်ထားတဲ့ နားဆွဲနဲ့ ဆွဲကြိုးများ


(၄) ချည်နဲ့ထိုးထားတဲ့ Outfit လှလှလေးတွေ


(၅) ချည်ထိုးအိတ်ဒီဇိုင်းလေးတွေ


(၆) လည်းစည်း Scarf နဲ့ လက်အိတ်လေးတွေ


အပေါ်မှာပြထားတဲ့ Accessories တွေကို စိတ်ဝင်စားတယ်ဆိုရင် လုပ်နိုင်မယ့် Pattern လေးတွေကလည်း အလွယ်တကူရှာရလွယ်သလို သူငယ်ချင်းမိတ်ဆွေတွေကို လက်ဆောင်ပေးဖို့ပဲဖြစ်ဖြစ် ကိုယ်တိုင်သုံးဖို့ပဲဖြစ်ဖြစ် အမှတ်တရကောင်းတစ်ခု ဖန်တီးနိုင်မှာဖြစ်လို့ လိုက်လုပ်ကြည့်ဖို့ မမေ့ပါနဲ့နော်။

Photo Source: Pinterest

By MyStyle Myanmar