လတ်တလောမှာ Netflix ကရိုက်ကူးတဲ့ Single’s Inferno လို့ခေါ်တဲ့ Reality Dating Show နဲ့အတူ လူသိများလာတဲ့ အလှဘုရင်မလေး Song Ji-A (Free Zia) ကိုတော့ ရုပ်ရှင်ကြည့်ပရိသတ်တွေ သိပြီးသားဖြစ်မှာပါ။ သူမဟာ ဒီအစီအစဉ်မရိုက်ကူးခင်ကတည်းက Model နဲ့ Beauty Vlogger အဖြစ်လုပ်ကိုင်နေသူဖြစ်ပြီး “free지아” လို့ခေါ်တဲ့ ကိုယ်ပိုင် Youtube Channel တစ်ခုပိုင်ဆိုင်ထားပါသေးတယ်။


နာမည်အရင်းက Song Ji-A ဖြစ်ပြီး Free Zia အနေနဲ့လည်း လူသိများပါတယ်။ သူမကိုတော့ ၁၉၉၇ ခုနှစ် April လ (၃၀) ရက်နေ့မှာ ကိုးရီးယားနိုင်ငံ ဘူဆန်မြို့မှာမွေးဖွားခဲ့ပြီး အသက် ၂၄ နှစ်ရှိပါပြီ။ သူမဟာ ချစ်ဖို့ကောင်းတဲ့အပြင် ဆွဲဆောင်မှုလည်းရှိတဲ့ ဖက်ရှင်ပုံစံမျိုးစုံနဲ့ လိုက်ဖက်အောင်ဝတ်စားတတ်ပြီး ဖက်ရှင်အမြင်ရှိတဲ့သူတစ်ဦးဆိုရင်လည်း မမှားပါဘူး။


Single’s Inferno မှာမပါဝင်ခင် ၂၀၁၉ ခုနှစ်က သူမရဲ့ Youtube Channel မှာတင်ခဲ့တဲ့ ဗီဒီယိုတစ်ခုဟာ ကြည့်ရှူသူပေါင်း လေးသန်းကျော်အထိရှိခဲ့ဖူးပြီး လက်ရှိမှာလည်း ၁.၈ သန်းနီးပါး Subscriber ပေါင်းများစွာကို ပိုင်ဆိုင်ထားပြီပဲဖြစ်ပါတယ်။ ကိုးရီးယားရိုးရာအကမေဂျာနဲ့ ဘွဲ့ရထားပြီး ဘဲလေးအကကို စိတ်ဝင်စားသူတစ်ယောက်လည်းဖြစ်ပါတယ်။


ပရိသတ်တွေသိချင်ကြတဲ့ မျက်နှာခွဲစိတ်ပြုပြင်မှုနဲ့ပတ်သက်ပြီးလည်း သူမဟာ အထက်တန်းတုန်းက နှာခေါင်းခွဲစိတ်ပြုပြင်ဖူးကြောင်းနဲ့ နှုတ်ခမ်းကြီးတဲ့ ဆေးထိုးတာ၊ မျက်ရစ်ဖော်တာတွေပြုလုပ်ခဲ့ကြောင်းကို ပွင့်ပွင့်လင်းလင်းပြောပြခဲ့ပါတယ်။


Photo Source: Youtube

ငယ်ငယ်ကတည်းက ကြိုက်ခဲ့ရတဲ့ အဆိုတော်အဖွဲ့ကတော့ TVXQ အဖွဲ့ဖြစ်ပြီး မင်းသား Kim Jae Wook ၊ မင်းသား Joo Ji Hoon နဲ့ အဆိုတော် Kai တို့လိုပုံစံ အမျိုးသားတွေကို သဘောကျကြောင်းလည်း ပြောခဲ့ဖူးပါတယ်။


အနုပညာ Activity တွေအနေနဲ့ Single’s Inferno မထုတ်လွှင့်ခင်က Video Star လို့ခေါ်တဲ့ Variety Show တစ်ခုမှာ ဧည့်သည်အနေနဲ့ပါဝင်ခဲ့ဖူးပြီး ဒီနှစ်မှာလည်း Variety Show အချို့မှာ ထပ်မံပါဝင်သွားဖို့ရှိတယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

Photo Source: allkpop

လက်ရှိမှာ Kpop Idol တွေဖြစ်ကြတဲ့ Pentagon အဖွဲ့ဝင် Kino ၊ Ha Sung Woon ၊ IOI အဖွဲ့ဝင်ဟောင်း Eunbi တို့နဲအတူ ‘Follow Me’ ဆိုတဲ့ ဖက်ရှင်အစီအစဉ်တစ်ခုကို တွဲဖက်တင်ဆက်နေပြီး အခုနှစ်အတွက် ရည်မှန်းချက်အနေနဲ့ ကားလိုင်စင်ရအောင်လုပ်ပြီး သူမရဲ့ ကားကို ပရိသတ်တွေဆီ ပြနိုင်ဖို့ပြင်ဆင်နေတယ်လို့လည်း ပြောပြခဲ့ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar